အဆိုတော် G Fatt ကတော့ လူငယ်ပရိသတ်တွေကြားမှာ သူရဲ့ရက်ပ် စာသားတွေကြောင့် နာမည်ကြီးနေသူလည်းဖြစ်ပါတယ်။ G Fat ရဲ့ သီချင်းတွေက သူ့ကိုယ့်တိုင် ရေးစပ်ခံစားထားတာ များပါတယ်။ ထွက်သမျှ သူ့သီချင်းတော်တော်များများလည်း နာမည်ကျော်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူက ဂီတလောကမှာဆိုရင်တော့ နေရာတစ်နေရာကို အခိုင်အမာရရှိထားသူလည်း ဖြစ်ပါတယ်။

G Fatt ဟာ ပြီးခဲ့တဲ့ City FM (၁၆)နှစ်ပြည့်ပွဲမှာ (၂၀၁၇)ခုနှစ်အတွက် သီချင်းတောင်းဆိုမှု အခံရဆုံး အမျိုးသားတေးသံရှင်ဆုကို ရရှိခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပေးလိုက်တဲ့ ဆုတစ်ဆုလည်း ဖြစ်ပါတယ်။ အခုဆိုရင်လည်း သူ့ရဲ့ ကြိုးစားမှုကြောင့် ကားတစ်စီးကိုတောင် ပိုင်ဆိုင်နေပါပြီ။ သူ့ရဲ့ လူမှုကွန်ရက်ကနေလည်း “With my new baby #KIA #Black #1k18 #GFatt” လို့ ရေးပြီး ကားလေးကို ထုတ်ဖော်ခဲ့တာပဲဖြစ်ပါတယ်။

သူ့ရဲ့ ပရိသတ်တွေကလည်း သူ့နဲ့အတူ ၀မ်းသာကျေနပ်နေကြပါတယ်။ G Fatt နဲ့ နန်းဆုတို့ရဲ့ အချစ်ရေးကလည်း တစ်ယောက်နဲ့တစ်ယောက် စနောက်နေရင်း အချစ်တွေ ပိုပိုတိုးနေတာကိုလည်း တွေ့ရပါတယ်။

source : G Fatt