ပရိသတ်တွေကြားမှာ G Fatt နဲ့ နန်းဆုတို့ စုံတွဲကတော့ အားကျစရာကောင်းတဲ့ စုံတွဲလေးအဖြစ် ရေးပန်းစားနေခဲ့ပါတယ်။ G Fatt နဲ့ နန်းဆုတို့ရဲ့အချစ်ရေးက နားလည်မှုအပြည့်နဲ့ သာယာတဲ့အချစ်ရေးကို ပိုင်ဆိုင်ထားကြပါတယ်။ G Fatt ကလည်း ဂီတလောကမှာ အောင်မြင်နေပြီး နန်းဆုကလည်း သရုပ်ဆောင်မှာရော ဂီတဘက်မှာပါ အောင်မြင်နေပါတယ်။

အခုဆိုရင် သူတို့ချစ်သူနှစ်ယောက်ကို စုံတွဲဖြစ်ကြောင်း မြင်သာစေမယ့်အရာတစ်ခုကို ဖန်တီးလိုက်ကြပါတယ်။ အဲဒီအရာလေးက သူတို့ရဲ့ ဆံပင်အရောင်ပဲဖြစ်ပါတယ်။ G Fatt နဲ့ နန်းစုတို့ကတော့ H&C hair saloon မှာ ဆံပင်ကာလာဆင်တူ ဆိုးခဲ့ကြပါတယ်။ Japan က Hair stylist  ဖြစ်တဲ့ “Kanya Watanabe” က ဆိုးပေးထားတယ်လို့လည်း သိရပါတယ်။

သူတို့ ဆံပင်ဆိုးထားကြတယ်ဆိုတာကိုလည်း သူတို့ရဲ့ လူမှုကွန်ယက်ပေါ်ကနေ ပုံလေးတွေ တင်ခဲ့ကြပါတယ်။ သူတို့ချစ်သူနှစ်ယောက်အတူ ဆံပင်ကာလာလေး ဆင်တူဆိုးလိုက်တော့ အရမ်းကို လိုက်ဖက်ညီသွားတဲ့ စုံတွဲလေးဆိုတာ ပိုပြီးမြင်သာစေခဲ့ပါတယ်။

source : Nan Su and G Fatt