တစ်ချိန်တုန်းက အနုပညာလောကမှာ အောင်မြင်ရေပန်းစားခဲ့တဲ့ မင်းသမီး နန္ဒာလှိုင်ကတော့ အိမ်ထောင်ကျပြီး နောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေကို နားခဲ့ပြီး အခုဆိုရင်တော့ သာယာတဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်နေရပါတယ်။ ချစ်စရာကောင်းတဲ့ သမီး (၃)ယောက်ရှိပြီး ယောကျာ်းဖြစ်သူရဲ့ အချစ်တွေကိုလည်း သိမ်းပိုက်ထားနိုင်သူဖြစ်ပါတယ်။

နန္ဒာလှိုင်တို့မိသားစုကတော့ အလှူရေစက် လက်နဲ့မကွာဆိုသလိုပဲ အလှူတွေ အဆက်မပြတ်လုပ်နေခဲ့တာ တကယ်ကိုအားကျစရာပါပဲ။ လတ်တလော ဖေဖော်ဝါရီ (၂၅)ရက်နေ့မှာလည်း နန္ဒာလှိုင်တို့မိသားစုက ချော်တွင်းကွင်းကျောင်းမှာရှိတဲ့ သံဃာတော် (၁၁၈) ပါးအတွက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

သူမကတော့ အနုပညာအလုပ်တွေနဲ့ ဝေးကွာသွားခဲ့ပေမယ့် လူမှုကွန်ရက်မှာတော့ သူမမိသားစုရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကို တင်လေ့ရှိပြီး ပရိသတ်တွေနဲ့ အဆက်မပြတ်နေလေ့ရှိပါတယ်။ အလှူပွဲတိုင်းမှာဆိုလည်း နန္ဒာလှိုင်နဲ့ သူမရဲ့ခင်ပွန်းဖြစ်သူတို့က အမြဲဦးဆောင်ပြီး လှူဒါန်းပေးလေ့ရှိပါတယ်။

source : Nandar Hlaing