ဇာတ်ကားကောင်းတွေ အများကြီးကို ဖန်တီးခဲ့တဲ့ နာမည်ကြီးဒါရိုက်တာ အကယ်ဒမီစင်ရော်မောင်မောင်ရဲ့ ရုပ်ရှင်ဇာတ်ကားသစ်ဟာ မကြာခင်မှာပဲ ပရိသတ်တွေဆီကို ရောက်ရှိလာတော့မှာပါ။ ဇာတ်ကားရဲ့ နာမည်ကတော့ “ထာဝရ အမေ(Eternal Mother )” ဖြစ်ပြီး ဒီဇင်ဘာလမှာ ရုံတင်ပြသတော့မှာပါ။

ဒီဇာတ်ကားမှာတော့ ထပ်ဆင့်အကယ်ဒမီ မေသန်းနု၊ နေတိုး၊ ၀တ်မှုံရွှေရည်တို့ ပါဝင်ထားပါတယ်။ ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ အနုပညာအလုပ်တွေ အတူတွဲမလုပ်ကြတာ (၁၂)နှစ်ကြာလောက်ရှိနေပြီဖြစ်တဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ မေသန်းနုတို့ အတူတွဲဆောင်ရွက်ကြတဲ့ ပထမဆုံး အနုပညာအလုပ်ပါ။ သားဖြစ်သူ မင်းသန့်မောင်မောင်ရဲ့တိုက်တွန်းမှုကြောင့် မေသန်းနုက ဒီဇာတ်ကားကို လက်ခံရိုက်ကူးဖြစ်တာလို့ သိရပါတယ်။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ဒါရိုက်တာ စင်ရော်မောင်မောင်က သူ့ရဲ့ fb မှာ…

“၁၂ နှစ်ကြာမှ ပြန်လည်တွေ့ဆုံပြီး ကျွန်တော်, မဆင့်, မင်းသန့်မောင်မောင်တို့ ပူးပေါင်းရိုက်ကူးပြီး ဘဝတွင်အကောင်းဆုံးကြိုးစားခဲ့တဲ့ .. ထာဝရအမေ(Eternal Mother) International Movie ဇတ်ကား ..December တွင် ရုံ တင်ပါတော့မည်.. အားပေးကူညီပြီး Share ပေးကြပါခင်ဗျာ ..” ဆိုပြီး တင်ထားပါတယ်။

ဝတ္ထုကတော့ အသည်းရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာခင်မောင်ဝင်းပါ။ “အမေနှင့် ကျွန်တော်” ဆိုတဲ့ အဲ့ဒီဝတ္ထုဟာ ဆရာဒေါက်တာခင်မောင်ဝင်း သူ့ရဲ့အမေအကြောင်းကို အခြေခံရေးသားထားတာလို့ သိရပါတယ်။

သား သမီးတွေပေါ် ချစ်ဖို့ ကြိုးစားရင်း ကြိုးစားရင်း ကိုယ့်ကိုကိုယ် ချစ်ဖို့ မေ့နေတဲ့ အမေ………(ထာဝရအမေ) HD ဖြင့် Quality ကြည်လင် ပြတ်သားစွာ ကြည့်ရှုနိုင်လိုပါက HD ကို နှိပ်ပေးပါ ကျေးဇူးပြုပြီး share ပေးကြဖို့ မေတ္တာရပ်ခံ အပ်ပါသည် ထာဝရအမေ မိသားစုYouTube Link https://youtu.be/NiQxVRF152w#ထာဝရအမေ #InternationalMovieMother,a woman of great compassion,will always exist.For her children,her husband and her family,her love knows no limits………(Eternal Mother)If you wanna to see HD , Please press HD.Please Like & Share Eternal Mother YouTube link https://youtu.be/NiQxVRF152w#EternalMother #InternationalMovie

Posted by Eternal Mother on Monday, October 16, 2017

from စင်ရော်မောင်မောင်၊ထာဝရအမေရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။