မတ်လ ( ၂၃ ) ရက်နေ့က ကျင်းပခဲ့တဲ့ (၂၀၁၇)ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာတော့ “ထာဝရအမေ” (Eternal Mother) ဇာတ်ကားကနေ ဆု(၃)ဆု ရရှိခဲ့ပါတယ်။ရရှိခဲ့တဲ့ ဆုတွေကတော့အကောင်းဆုံး ဒါရိုက်တာဆု၊အကောင်း ဆုံး တည်းဖြတ်ဆု၊အကောင်းဆုံး အသံဆု  ပါ။ဒီဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ ထပ်ဆင့်အကယ်ဒမီ မင်းသမီးမေသန်းနုကို ဒီဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုရမယ်လို့ ထင်ကြေးပေးခန့်မှန်းခဲ့ပေမယ့် လွဲချော်ခဲ့တာပါ။

ဒီလိုဆုတွေ ရအောင် ၀ိုင်းဝန်းကြိုးစားပေးခဲ့ကြတဲ့ အနုပညာရှင်တွေကို ဒီဇာတ်ကားရဲ့ ထုတ်လုပ်သူ ဒေါက်တာ ခင်မောင်ဝင်းမှ ဂုဏ်ပြုညစားစားပွဲ တည့်ခင်းဧည့်ခံခဲ့ပါတယ်။ဒီပွဲကိုတော့ “ထာဝရ အမေ” အဖွဲ့သားတွေ၊ တခြားဖိတ်ကြားထားတဲ့ အနုပညာရှင်တွေနဲ့ တခြားဧည့်သည်တွေအများကြီး တက်ရောက်ခဲ့ပါတယ်။

အဆိုတော် မလေး ပိုပိုလည်း ဒီပွဲကို တက်ရောက်ခဲ့ပါတယ်။ပွဲတက်ရောက်ဖြစ်တဲ့ ပုံလေးတွေကို သူမရဲ့ fb မှာ ဝေမျှ ထားပါတယ်။ဒါရိုက်တာ ဆုရခဲ့တဲ့ ထပ်ဆင့်အကယ်ဒီစင်ရော်မောင်မောင်ကလည်း ညစာစားပွဲ ပုံရိပ်တွေကို သူ့ရဲ့ fb စာမျက်နှာပေါ်မှာ ဝေမျှထားပါတယ်။

from ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ ပိုပိုရဲ့ fb