သရုပ်ဆောင် အိစိကွေးကတော့ အနုပညာလောကထဲကို ကလေးသရုပ်ဆောင်အဖြစ် ၀င်ရောက်လာခဲ့တာဖြစ်ပြီး အခုချိန်ထိလည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိနေဆဲပဲဖြစ်ပါတယ်။ အိစိကွေးဟာ ကလေးသရုပ်ဆောင် ဘ၀ကတည်းက ကျရာဇာတ်ရုပ်မှာ ပီပြင်အောင် သရုပ်ဆောင်နိုင်သူတစ်ယောက်ပဲဖြစ်ပါတယ်။

အိစိကွေးက လတ်တလောမှာ အသက်(၁၉)နှစ်ပြည့်သွားပါပြီဖြစ်ပြီး အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်နေသူ တစ်ယောက်ပါ။ သူ့အနေနဲ့ ရုပ်ရှင်တွေရိုက်ကူးတဲ့အခါ ကြည့်ကောင်းနေဖို့ထက် သဘာဝကျကျသရုပ်ဆောင်ရတာကိုပဲ ပိုဦးစားပေးတယ်လို့သိရပါတယ်။

လူမှုကွန်ရက်ပေါ်မှာလည်း သူရဲ့တစ်နေ့တာလှုပ်ရှားမှုတွေကို မျှဝေလေ့ရှိသူဖြစ်ပါတယ်။ အခုမှာလည်း သူက “သရုပ်ဆောင်တိုင်း ကြည့်ကောင်းဖို့လှဖို့ထက် သဘာဝပဲ ပိုဦးစားပေးတယ်” လို့ဆိုခဲ့ပါတယ်။ အိစိကွေးကတော့ ငယ်ကတည်းက သရုပ်ဆောင်လိုက်ရင် သဘာဝကျကျသရုပ်ဆောင်ခဲ့တာကိုလည်း ပရိသတ်ကြီးတွေ အသိပါပဲနော်။

source : Eisi Kway