“စူစူ” ဆိုပြီး အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး အိချောပိုကတော့ သူမရဲ့ fb မှာ ပုံအသစ်လေးတွေ တင်ထားပါတယ်။ ပုံတွေထဲမှာတော့ ထူးခြားဆန်းပြားတဲ့ အ၀တ်အစားမျိုးမဟုတ်ဘဲ ရိုးရိုးသာမန်အ၀တ်အစားလေးကိုပဲ ၀တ်ထားပြီး မျက်နှာလေးကြည်လင်ရှင်းသန့်နေတဲ့ အိချောပိုရဲ့ အလှကို တွေ့ရမှာပါ။

အိချောပိုရဲ့ လက်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ကတော့”ငါ့…ဥ” ဆိုတဲ့ ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားထဲမှာတော့ “ဥ” ဆိုတဲ့ မိန်းကလေးနေရာကနေပါဝင် သရုပ်ဆောင်ထားပါတယ်။ မြန်မာဆန်ဆန်လေးနဲ့ လှနေတဲ့ သူမရဲ့ ရိုက်ကွင်းပေါ်က ပုံလေးတွေကိုလည်း fb မှာ တင်ထားပါတယ်။

အိချောပိုဟာ ရုပ်ရှင်ဇာတ်ကားတွေကို ဆက်တိုက်ရိုက်ကူးနေပါတယ်။ “င့ါ..ဥ” မတိုင်ခင်တုန်း ကလည်း “ဒယ်ဒီဖားကင်” ဆိုတဲ့ ဇာတ်ကား ရိုက်ကူးခဲ့ပါသေးတယ်။ သူမ ပါဝင်ထားတဲ့ ရုပ်ရှင်ကား ကြီးတွေဖြစ်တဲ့ “ပွဲခံမယ်”၊ “အော်တိုဘုရင်”၊ “ဗိုလ်အောင်ဒင်” အစရှိတဲ့ ဇာတ်ကားတွေကိုလည်း ဆက်တိုက်ဆိုသလိုရုံတင်ပြသခဲ့ပါတယ်။

FROM အိချောပိုရဲ့ FB

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။