ပရိသတ်အချစ်တော် စူစူ ၊အိချောပိုကတော့ ဇာတ်ကားတွေကို မနားတမ်းရိုက်ကူးနေရတဲ့ မင်းသမီးတစ်လက်ပါ။အိချောပို ကတော့ နောက်ထပ် ရုပ်ရှင်ကားကြီး တစ်ကားမှာ ပါဝင်သရုပ်ဆောင်သွားဖို့ စီစဉ်နေပါတယ်။သူမရိုက်ကူးမယ့် ဇာတ်ကား နာမည်ကတော့ “ခွင်ကြီးခွင်ကျယ်”ပါ။

မတ်(၂၃)ရက်နေ့ မနက်ပိုင်းကတော့ “ခွင်ကြီးခွင်ကျယ်” ရုပ်ရှင်ကားကြီး ကန်တော့ပွဲကို ရွှေတိဂုံဘုရားမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီကားကိုတော့ ဇာတ်ညွှန်းနဲ့ဒါရိုက်တာ ပြည်ဟိန်းသီဟက ရိုက်ကူးပုံဖော်မှာပါ။မင်းသား မင်းသမီးတွေအနေနဲ့ကတော့ လူမင်း၊ထွန်းထွန်း၊အိချောပို၊ထက်ထက်ထွန်း၊ယွန်းဝင့်ဝါလှိုင်၊ကျော်ထူး၊ခင်လှိုင်၊အုန်းသီး၊နေရဲ၊တက္ကသိုလ်ဂွမ်းပုံ၊၀ါဝါအောင်၊K ညီ …အစရှိတဲ့ အနုပညာရှင်တွေနဲ့ ရိုက်ကူးပုံဖော်မှာပါ။ကန်တော့ပွဲကိုတော့ အိချောပိုက အ၀ါရောင်ဝတ်စုံလေးနဲ့ တက်ရောက် ခဲ့ပါတယ်။အိချောပိုရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

from အိချောပိုရဲ့ fb