မင်းသမီးချော အိချောပို (ခေါ်) စူစူ ကတော့ မိတ်ကပ်မပါဘဲလည်း သဘာဝအလှလေးနဲ့ လှနေသူပဲဖြစ်ပါတယ်။ စူစူကတော့ အနုပညာအလုပ်တွေကို မရပ်မနား လုပ်ကိုင်နေပြီး ရံဖန်ရံခါ သူမရဲ့ လူမှုကွန်ရက်ပေါ်မှာ ရုပ်ရှင်ရိုက်ကွင်း ပုံရိပ်တွေကို မျှဝေပေးလေ့ရှိပါတယ်။

စူစူကတော့ အနုပညာပျိုခင်းကနေ တက်လာတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပြီး အခုဆိုရင် သူမဟာ အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးအဖြစ် ရပ်တည်နေခဲ့ပြီဖြစ်ပါတယ်။ စူစူကတော့ မိန်းကလေးအချင်းချင်း ကြွေဆင်းရလောက်တဲ့ မျက်နှာ၊ အသားအရေနဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

မိတ်ကပ်မပါတဲ့ သဘာဝအလှနဲ့ စူစုရဲ့ ပုံရိပ်တွေကို ကြည့်ပြီးတဲ့ ပရိသတ်တိုင်းကတော့ သူမအပေါ် အချစ်တွေ တိုးပြီးရင်းတိုးလာခဲ့ပြန်ပါတယ်။ မိတ်ကပ်နဲ့လည်း လှနေသလို မိတ်ကပ်မပါတဲ့ သဘာဝမျက်နှာလေးနဲ့လည်း ပိုလှနေတာကိုတွေ့ရပါတယ်။ ရိုးရိုးလေးနဲ့ မိတ်ကပ်မပါဘဲသဘာဝအတိုင်း ဖြစ်နေတာကိုက စူစူရဲ့အလှကို ပိုပေါ်လွင်သွားစေခဲ့ပါတယ်။

 source : Ei Chaw Po