မင်းသမီးအိချောပို ကတော့ အနုပညာလောကမှာ နာမည်ကြီးစာရင်းဝင် မင်းသမီးတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အ၀ပိုင်ဆိုင်ထားရသူဖြစ်ပါတယ်။ အိချောပိုကို သူမရဲ့ပရိသတ်တွေက စူစူ လို့ချစ်စနိုးခေါ်တတ်ကြပါတယ်။ စူစူကတော့ မိန်းကလေးအချင်းချင်း ကြွေဆင်းရလောက်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

သူမက သူမရဲ့တစ်နေ့တာ လှုပ်ရှားမှုတွေကို ဖေ့ဘွတ်ပေါ်မှာ အမြဲမျှဝေလေ့ရှိသူ ဖြစ်ပါတယ်။ အခုမှာလည်း သူမကို မြင်နေကြမဟုတ်တဲ့ နှုတ်ခမ်းနီလိမ္မော်ရောင်လေးကို ဆိုးထားပြီး လှသွေးကြွယ်နေတဲ့ ပုံရိပ်တွေကို မျှဝေပေးထားတာတွေ့ရပါတယ်။ ဒီပုံရိပ်လေးကြောင့် သူမကို ပရိသတ်တွေက အချစ်တွေ တိုးနေခဲ့ပြန်ပါတယ်။

စူစူရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ ရုပ်ရှင် ၊ ဗီဒီယိုကားတွေကို အဆက်မပြတ်ရိုက်ကူးနေတာကို တွေ့ရပါတယ်။

source : Ei Chaw Po