ပြည်သူချစ်အနုပညာရှင် အိချောပိုဟာဆိုရင်တော့ ကလောမြို့မှာ လွင်မိုး၊ ရဲအောင်၊ မြင့်မြတ်တို့နဲ့အတူ “ဒယ်ဒီဖားကင်”ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာနေပိုင်က ရိုက်ကူးပုံဖေါ်နေတာဖြစ်ပါတယ်။

အိချောပိုဟာ “ဒယ်ဒီဖားကင်” ရိုက်ကွင်းက သူရဲ့ချစ်စရာကောင်းတဲ့ ဓါတ်ပုံလေးတွေ၊ အနုပညာညီအစ်ကိုမောင်နှမတွေနဲ့အတူ ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် မကြာခဏ ဖေ့စ်ဘုတ်မှာတင်ပေးလေ့ရှိပါတယ်။

အခုလည်း ကလောမှာ လိမ္မော်သီးခူးနေတဲ့ ပုံလေးတွေကို သူ့ပရိသတ်တွေအတွက် တင်ပေးထားပါတယ်။

 

Source: Ei Chaw Po facebook

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။