ရုပ်ရှင်ဇာတ်ကားတွေကို မနားတမ်းရိုက်ကူးနေရတဲ့ သရုပ်ဆောင် အိချောပိုဟာ ဒီနေ့ ဒီဇင်ဘာ၁ရက်နေ့မှာတော့  ဟော်တယ်ရိုးမပခုက္ကူ ဖွင့်ပွဲကို တက်ရောက်ခဲ့ပါတယ်။ ဒီပွဲမှာတော့ အိချောပိုဟာ ရွှေရောင် ၀တ်စုံလေးနဲ့ အရမ်းကို လှနေတာကို တွေ့ရမှာပါ။အဒီ ၀တ်စုံလေးကိုတော့ ဒီဇိုင်နာ ကိုလတ်က ဖန်တီးပေးထားတာဖြစ်ပါတယ်။

ဟော်တယ်ရိုးမပခုက္ကူ ဖွင့်ပွဲကို အခြားသော နာမည်ကျော် အနုပညာရှင်များဖြစ်ကြတဲ့ ဇော်ပိုင်၊ ဟဲလေး၊ Dဖြိုး၊ ဝေလျှံ၊ ဇွဲလရောင်၊နီနီခင်ဇော်၊ ပိုပို၊ဆိုဖီယာ၊ ဆုပြည့်ဝေလျှံ နဲ့Secret Pieces အကအဖွဲ့တို့ကလည်း လာရောက်ဖျော်ဖြေပေးခဲ့ကြပါတယ်။

Source: Ei Chaw Po facebook

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။