အိမ့်ချစ်တစ်ယောက် Myanmar Cele 7 နဲ့ပြုလုပ်တဲ့ အင်တာဗျူးဗီဒီယိုဖိုင်ဟာ အွန်လိုင်းမှာ အတော်လေးကို လူပြောများနေပါတယ်။ အဲ့ဒီဗီဒီယိုဖိုင်ထဲမှာတော့ အိမ့်ချစ်က ဘာသာမတူတဲ့ မိဘနှစ်ပါးက မွေးဖွားလာခဲ့ပေမယ့် ငယ်ငယ်တည်းက မိဘနှစ်ပါးလုံးက လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် ပေးထားခဲ့တယ်လို့ ပြောထားပါတယ်။အိမ့်ချစ်ရဲ့ဖခင် ဦးချစ်ကောင်းက ဘာသာခြား တစ်ယောက်ဖြစ်ပြီး မိခင်ကတော့ ဗုဒ္ဓဘာသာပါ။

သူမ သိတတ်စအရွယ်တည်းက မိရိုးဖလာပုံစံမျိုးနဲ့ ဗုဒ္ဓဘာသာကို စတင်ကိုးကွယ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကနေမှ အသက်ကြီးလာတဲ့အခါမှာတော့ ဗုဒ္ဓဘာသာရဲ့အနှစ်သာရကိုသိပြီး သက်ဝင်ယုံကြည်စွာနဲ့ကိုးကွယ်ယုံကြည်ဖြစ်ခဲ့ကြောင်း၊ မသိတဲ့တစ်ချို့သူတွေက သူမကိုဘာသာပြောင်းတာလို့ ထင်နေကြ၊ ပြောနေကြတဲ့သူတွေလည်း ရှိတယ်လို့ ဖြေခဲ့ပါတယ်။ နာမည်ကြီးမှ ဘာသာရေးကိုလုပ်တာမဟုတ်ဘဲ သူမ (၇)တန်း(၈)တန်းကျောင်းသူဘ၀တည်းက ဘာသာရေးကို ယုံယုံကြည်ကြည်လုပ်တယ်လို့ ဖြေထားတာကို တွေ့ရပါတယ်။

သူမရဲ့ အင်တာဗျူးဗီဒီယိုဖိုင်ရဲ့ အောက်မှာ ရိုင်းစိုင်းတဲ့၊ မကောင်းတဲ့ comment တွေ ၀င်ရေးကြသူတွေကိုလည်း အိမ့်ချစ်က အခုလို ပြန်တုံ့ပြန်ထားပါတယ်။

“အောက်မှာ မကောင်းတဲ့ကောမန့်တွေရေးကြတဲ့သူတွေကိုပြောချင်တယ် အဖေတောင် ဘာမှမဖြစ်တာ ယူတို့ကဘာဖြစ်နေကြတာလဲလို့ ဘာသာတိုင်းက ကောင်းတာချည်းပါပဲ ကျမကဘယ်သူ့စော်ကားနေလို့လဲ ဘယ်ဘာသာပဲကိုးကွယ်ကိုးကွယ် အဓိကက စိတ်ပါပဲ စိတ်လေးတွေဖြူစင်နိုင်ကြပါစေ
ယူတို့ရေ ….
ကိုယ့်ကို မခံမရပ်နိုင်ကောမန့်တွေပေးကြတဲ့ ယူတို့ကို ဟဟ တွေပေးပလိုက်တယ် ဟဟပဲ ရမယ်ယူ..”

ဘာသာတိုင်းဟာ ကောင်းဖို့ပဲညွှန်ပြတာချည်းပါ ဗုဒ္ဓဘာသာ ကိုးကွယ်တာနဲ့ပဲ ခွေးမလို့လဲ အပြောခံရတယ် လိမ်တယ်လဲဖြစ်ရသေးတယ် ရေများရေနိုင်ပါဆိုသူကတစ်မျိုး မှန်ရဲ့လားပြန်စဉ်းစားခိုင်းသူကတစ်မျိုး အဲ့လူတွေ profile သွားကြည့်တော့မှ မခံမရပ်နိုင်နဲ့ ပြောဆိုနေကြတာဘာကြောင့်လဲသိသွားတယ် ကိုကဘယ်သူ့မှလဲမပုတ်ခတ်ပါဘူး..” ဆိုပြီးတော့လည်း comment box ထဲမှာ အိမ့်ချစ်က ၀င်ရေးထားတာကိုလည်း တွေ့ရပါတယ်။

from အိမ့်ချစ်ရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။