ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် အိန္ဒြာကျော်ဇင်ဟာ ရုပ်ရှင်လောကမှာ နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်သလို သားသမီးတွေအပေါ်မှာလည်း မိခင်တာဝန်ကျေပွန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

အခုလည်း သူမရဲ့ သားသမီးတွေက တစ်ယောက်ဖျားရင် နောက်တစ်ယောက်ပါဖျားတတ်တာကြောင့် သူမပရိသတ်ထဲက ကလေးရှိတဲ့ မိဘတွေဆီက  သူမတို့ရဲ့ မိသားစု  အကူညီတောင်းခံတဲ့စာကို အခုလိုပဲရေးသားခဲ့ပါတယ်။ “အိမ်မှာကလေး၂ယောက် ၃ယောက်လောက်ရှိတဲ့ဖေဖေမေမေတို့ ရေ…ကလေးတစ်ယောက်နေမကောင်းဖြစ်ပြီဆိုရင် နောက်ကလေးတွေကူးတတ်လားဟင်…မကူးအောင်ဘယ်လိုထားလဲဆိုတာသိရင်တစ်ချက်လောက်အလင်းပြပေးကြပါနော်…ဘာဖြစ်လို့ လဲဆိုတော့အိမ်မှာလေ သမီးကြီးသုသုနေမကောင်းဖြစ်ပြီဆိုရင် သားသားကအမြဲတမ်းလိုက်ဖြစ်ပြီ… ခဏခဏတော့နေမကောင်းမဖြစ်ပါဘူး..ဒါမဲ့ဖြစ်ပြီဆိုလဲတစ်ယောက်ပြီးတစ်ယောက်ဖြစ်တာပဲ..အခုလဲသမီးကအရင်ဖျားတယ်…၂ရက်လောက်နေပြီးအဖျားကျခါစရှိသေး.. ခုအငယ်ကောင်ကလိုက်ဖျားပြီ…ကလေးတွေပြနေကျဆရာဝန်ကြီးနဲ့ လဲပြပြီးပါပြီ…ရိုးရိုးဖျားတာလောက်ပါပဲ..စိတ်ပူစရာလဲမရှိပါဘူး…လူကြီးတော့ပင်ပန်းတာပေါ့နော်…ခုရာသီက ကလေးတွေရော လူကြီးတွေရောတော်တော်လေးနေမကောင်းဖြစ်ကြတယ်တဲ့.. ဒီအတောအတွင်းပိုဆိုးတာပေါ့.. ဟိုရောဂါဒီရောဂါတွေကြောက်လို့ ကလေးတွေကိုဘယ်မှမထုတ်ဘူး.. အိမ်ထဲမှာပဲထားတာ..ကျောင်းကလဲ ပိတ်ထားတော့တော်သေးတယ်… သူတို့ ၂ယောက်လုံးကအမေကပ်တော့ နေမကောင်းတဲ့အချိန်ဆိုပိုဆိုး အပျောက်ကိုမခံဘူး…ရေအပြေးအလွှားချိုး..ထမင်းအပြေးအလွှားစားရတဲ့ဘဝ…တော်သေးတာပေါ့ ကားရိုက်နားနေတဲ့အချိန်လေးမို့ လို့ …ခုလဲကလေးတွေအိပ်တုန်းပို့ စ်အပြေးအလွှားတင်ပြီး သိချင်တာလေးမေးကြည့်တာပါရှင်” ….ဟုရေးသားထားခဲ့ပါတယ်။

ပရိသတ်ကြီးကလည်း အိန္ဒြာကျော်ဇင်(ခေါ်) အူဝဲ ကို ၀ိုင်းဝန်းပြီး အကြံညဏ်လေးပေး လိုက်ကြပါဦးနော်…..

Source : pyay ti oo & eaindra kyaw zin family Fans Pages

Celenow Team မှ စီစဉ်တင်ဆက်သော www.Celenow. com တွင်ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။