သရုပ်ဆောင်မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းနဲ့ ကိုတာတာမျိုးတို့ရဲ့ မင်္ဂလာပွဲကိုတော့ နိုဝင်ဘာ(၂၆)ရက်က ဆီဒိုနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အနုပညာအသိုင်းအ၀ိုင်းက ပုဂ္ဂိုလ်တွေအများကြီး တက်ရောက်ချီးမြှင့်ပေးခဲ့တာကို တွေ့ရပါတယ်။ သတို့သား၊ သတို့သမီးအရံတွေအနေနဲ့ လွှမ်းပိုင်၊ ကျော်ထွဋ်ဆွေ၊ Bobby Soxer၊ နန်းသူဇာတို့က ပါဝင်ပေးခဲ့ပါတယ်။

သူတို့စုံတွဲကတော့ နိုဝင်ဘာ(၉)ရက်နေ့က ငွေဆောင်ကမ်းခြေမှာ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ နိုဝင်ဘာ(၁၈)ရက်နေ့ကတော့ ကံကော်မြိုင် သာသနာ့ရိပ်သာဘုန်းကြီးကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေးအလှူ ပြုလုပ်ခဲ့ပါသေးတယ်။

 

မအိုဆေးစားထားသလားလို့ အမြဲမေးခွန်းထုတ်ခံနေရတဲ့ အူဝဲနဲ့ မခိုင်လေးကတော့ ဒီပွဲမှာ အရမ်းကို လှပနေတာကို တွေ့ရပါတယ်။ မခိုင်လေးကတော့ အ၀ါရောင်ဝတ်စုံလေးကို ၀တ်ဆင်ထားပြီး အူဝဲကတော့ အနီရောင်ဝတ်စုံလေးကို ဆင်မြန်းထားတာကို တွေ့ရပါတယ်။

 

from အူဝဲနဲ့မခိုင်လေးရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။