အိန္ဒြာကျော်ဇင် (အူဝဲ)ကတော့ မကြာသေးမီကမှ ထပ်ဆင့်အကယ်ဒမီဆုကို ပူပူနွေးနွေးဆွတ်ခူးခဲ့သူပါ။ ပရိသတ်တွေက အရင်တည်းက ထင်ကြေးပေးခဲ့တဲ့”ရင်ဘတ်ထဲကဓား” ဇာတ်ကားနဲ့ ဆွတ်ခူးရရှိခဲ့တာပါ။ အူဝဲကတော့ သူမရဲ့ အနုပညာ စွမ်းရည်တစ်ခုတည်းကြောင့် မဟုတ်ပဲ အမြဲတမ်းခေတ်မီလှပတဲ့ ဖက်ရှင်ဒီဇိုင်းတွေကြောင့်လည်း နာမည်ကြီးသူပါ။

အူဝဲကတော့ ဖက်ရှင်ဒီဇိုင်းလောကမှာ အမိုက်စားဒီဇိုင်းတွေကြောင့် နာမည်ကြီးနေတဲ့ ဒီဇိုင်နာ ဖြိုးကိုရဲ့ PHYO KO Extraordinary Fashion  ပွဲကို တက်ရောက်ပေးခဲ့ပါတယ်။ အူဝဲရဲ့ တူမလေး မေတိုးခိုင်လည်း အတူ လိုက်ပါ ခဲ့တာကို တွေ့ရပါတယ်။

(2018)ဇန်န၀ါရီလထုတ်  The Chic Magazine cover အတွက် အူဝဲရိုက်ကူးခဲ့တုန်းက ဒီဇိုင်နာ ဖြိုးကိုရဲ့  collections တွေကို ၀တ်ဆင်ပြီး ရိုက်ကူးပေးခဲ့တာပါ။အူဝဲနဲ့ ပြေတီဦးတို့ အတူပွဲတက်တုန်းက ၀တ်ခဲ့တဲ့ အပြာရောင် ၀တ်စုံလေးကလည်း ဒီဇိုင်နာဖြိုးကိုရဲ့ လက်ရာပါ။
from phyo ko & EDKZ_Eu_ Wae IG