အားလုံးက အူဝဲလို့ ချစ်စနိုးခေါ်တဲ့ နာမည်ကျော်မင်းသမီး အိန္ဒြာကျော်ဇင်ကတော့ မော်ဒယ်မင်းသား ထူးအောင်နဲ့အတူ ကြော်ငြာရိုက်ကူးခဲ့ပါတယ်။ ရိုက်ကွင်းပုံရိပ်တွေကိုတော့ ထူးအောင်က သူ့ရဲ့ fb ပေါ်မှာ တင်ထားတာပါ။Stanomax ဆေးကြော်ငြာရိုက်ကူးတာလို့ သိရပါတယ်။

“ဒီနေ့မအူဝဲနဲ့ Stanomax ဆေးကြော်ငြာလေးရိုက်ထားတယ်။ကူညီပံ့ပိုးပေးခဲ့သူများ အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ..” ဆိုပြီး တင်ထားတာပါ။ ပုံတွေထဲမှာတော့ အူဝဲက အနီရောင်ဂါဝန်နဲ့ သူမရဲ့ ထုံးစံအတိုင်း နုပျိုလှပနေတာကို တွေ့ရပါတယ်။ ထူးအောင်ကတော့ အဖြူရောင်ရှပ်အင်္ကျီကို ၀တ်ဆင်ထားပါတယ်။

ထူးအောင်ဟာ မော်ဒယ်အလုပ်နဲ့ အနုပညာလောကထဲ စတင်ဝင်ရောက်လာခဲ့ပြီး အခုနောက်ပိုင်းမှာတော့ သရုပ်ေ ဆာင်အလုပ်တွေကိုပါ လုပ်လာတာကို တွေ့ရပါတယ်။ မော်ဒယ်လုပ်တုန်းကလည်း ပရိသတ်အားပေးမှုရခဲ့သလို အနုပညာအလုပ်ကိုလုပ်တော့လည်း အားပေးမှုရရှိခဲ့ပါတယ်။ “မရဲ့ အေးခဲသွားကြသူများ”၊ ‘ မန္တလာမြေမှပန်းသစ္စာ’  အစရှိတဲ့ ဇာတ်ကားတွေမှာ ပါဝင်ရိုက်ကူးခဲ့တာကိုလည်း တွေ့ရပါတယ်။

from ထူးအောင်ရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။