သရုပ်ဆောင် မင်းသမီးချောလေး ပိုင်ဖြိုးသုရဲ့ ချစ်သူ ဒါရိုက်တာ ဏကြီးတစ်ယောက်ကတော့ ချစ်သူကို စိတ်ပူနေပါတယ်။ လတ်တလော ပိုင်ဖြိုးသု ရိုက်ကူးနေတဲ့ “မီ” ရုပ်ရှင်ဇာတ်ကားကြီးထဲက ဇာတ်ဝင်ခန်းတစ်ချို့မှာ ဆေးလိပ်သောက်ရတဲ့ အခန်းတွေကို ဇာတ်ရုပ်ပီပြင်စေဖို့ ဆေးလိပ်သောက်လေ့ကျင်းရင်း ဆက်ပြီး အကျင့်ပါသွားမှာကို  ဒါရိုက်တာဏကြီးက အရမ်းစိတ်ပူနေပါတယ်လို့  အင်တာဗျူးတစ်ခုမှ သိရပါတယ်။

ဒါရိုက်တာ ဏကြီးက ပိုင်ဖြိုးသုရဲ့ ချစ်သူဖြစ်သလို “မီ”ရုပ်ရှင်ကားကြီးရဲ့ ဒါရိုက်တာလည်းဖြစ်ပါတယ်။ မကြာခင်မှာ ရုံတင်တော့မယ့် “မီ” ရုပ်ရှင်ကားကြီးမှာဆိုရင် ပိုင်ဖြိုးသုက နေတိုး၊ ရဲအောင်၊ မင်းဦး စတဲ့ ၀ါရင့်သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်ထားပါတယ်။

ပိုင်ဖြိုးသုရဲ့ ချစ်သူ ဒါရိုက်တာ ဏကြီးက ရုပ်ရှင်ကားကြီး ပြီးသွားရင်တောင် သူမအနေနဲ့ ဆေးလိပ်ဆက်သောက်ဖြစ်သွားရင် သူမရဲ့ ကျန်းမားရေး ကိုပါ ထိခိုက်နိုင်တာတွေ ရှိတယ်ဆိုပြီး စိတ်ပူနေတဲ့အကြောင်း အင်တာဗျုးတစ်ခုမှာ ဖြေကြားထားတာတွေ့ရပါတယ်။

ပိုင်ဖြိုးသုက “မီ” ရုပ်ရှင်ကားကြီးအတွက် အဓိကမင်းသမီးနေရာက သရုပ်ဆောင်ရမှာဖြစ်သလို ဇာတ်ရုပ်ကိုလည်း ပီပြင်အောင် လုပ်ချင်တာကြောင့် ဆေးလိပ်သောက်ရတဲ့အခန်းတွေအတွက် သဘာဝကျအောင် လေ့ကျင့်နေရတာလို့ သိရပါတယ်။

photo : Paing Phyoe Thu’s fb