ပရိသတ်တွေကြား ၀က်ဝက်ကွဲအောင်မြင်ခဲ့တဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးဟာ အရင်မြန်မာကားတွေနဲ့မတူ၊ ဒါရိုက်တာအသစ်၊ သရုပ်ဆောင်အသစ်တွေနဲ့ ရိုက်ကူးခဲ့တာဖြစ်ပြီး အခုဆိုရင် ရုံတင်ပြသခွင့် (၆)ပတ်မြောက်ရောက်ရှိခဲ့တဲ့အထိ မြန်မာ့ရုပ်ရှင်သမိုင်းအတွက် မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။  မြန်မာ့ ရုပ်ရှင်လောကမှာ ဒီလို အပတ်စဉ် (၆)ပတ်မြောက်ပြသနိုင်တဲ့ မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့တဲ့အတွက်လည်း ပရိသတ်တွေက ၀မ်းသာမဆုံးဖြစ်နေခဲ့ကြပါတယ်။

“ဥပါယ်တံမျဉ်”ရုပ်ရှင်ဇာတ်ကား အဖွဲ့သားတွေကတော့ ယခု တစ်ပါတ်မှာရရှိတဲ့ JCGV ရုံဝင်ခ အကျိုးအမြတ်များ ကို ကလေးသူငယ်များဖွံ့ဖြိုးရေးနှင့် မိဘမဲ့ ကျောင်းများသို့ လှုဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ရုပ်ရှင်က ၀က်ဝက်ကွဲအောင်မြင်ခဲ့ပေမယ့် အခုအချိန်ထိ အမြတ်မရသေးပါဘူးလို့လည်း သိရပါတယ်။

ဥပါယ်တံမျဉ်ရုပ်ရှင်အဖွဲ့သားတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၇)ရက်နေ့မှာ မော်လမြိုင်မြို့ မှ School for Special Need Children “အထူးပြုစု စောင့်ရှောက်ရန်လိုအပ်သော ကလေးများ လေ့ကျင့် သင်ကြားရေး ကျောင်း” ဖွင့်ပွဲ နှင့်မော်လမြိုင် တက္ကသိုလ်မှာကျင်းပတဲ့ ” ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေး နှင့် စောင့်ရှောက်ထိန်းသိမ်းရေးလှုပ်ရှားမှု ” တို့မှာ ပါဝင်တက်ရောက် အားဖြည့်ပေးခဲ့တယ် ဆိုပြီးမျှဝေပေးထားတာ တွေ့ရပါတယ်။

“ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးဟာ ဒါရိုက်တာ ခရစ်စတီးနားခီရဲ့ဒုတိယမြောက်လက်ရ်ာဖြစ်ပြီး သူမရဲ့ ပထမဆုံးလက်ရာဖြစ်တဲ့ “မုဒြာခေါ်သံ” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရုံတင်ပြသပေးဖို့ တောင်းဆိုနေကြတဲ့ ပရိသတ်တွေ များစွာရှိလို့နေပါတယ်။

source : Deception