မြန်မာဇာတ်ကားကောင်းကို ကြိုက်ကြတဲ့ပရိသတ်တွေရဲ့ အားပေးကြမ်းချက်ကြောင့် “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီး ၀က်ဝက်ကွဲ အောင်မြင်ခဲ့ပါတယ်။ တက်သစ်စ ဒါရိုက်တာ ၊ တက်သစ်စ သရုပ်ဆောင်တွေရဲ့ ကြိုးစားမှုကြောင့် ပရိသတ်တွေကလည်း တစ်ခဲနက် အားပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် “ဥပါယ်တံမျဉ်” မှ သရုပ်ဆောင်တွေက ရန်ကုန်ပရိသတ်တွေကို Surprise လုပ်ပြီး အမှတ်တရ လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။

လတ်တလောမှာ ” ဥပါယ်တံမျဉ် “မှ သရုပ်ဆောင် ဇဏ်ခီ၊ အောင်မြင့်မြတ်၊ သက်မွန်မြင့်တို့နဲ့ ဒါရိုက်တာ ခရစ်(စ)တီးနားခီတို့က  တောင်ကြီးပရိသတ်တွေနဲ့ တွေ့ဆုံပြီး လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။ ဒီဇာတ်ကားကို ရန်ကုန်၊ မန္တလေး အနယ်နယ်အရပ်ရပ်မှ ပရိသတ်တွေကတော့ ရုံပြည့်အောင် အားပေးခဲ့ကြပါတယ်။

အခုဆိုရင်တော့ တောင်ကြီးကနေ မန္တလေး ပရိသတ်တွေနဲ့တွေ့ဆုံဖို့သွားနေပြီလို့လည်း သိရပါတယ်။ မန္တလေးကိုတေတာ့ (၃၁.၁.၂၀၁၈)၊ ည ( ၈:၃၀ ) JCGV (Mingalar Mandalay) မှာ ပရိသတ်တွေနဲ့ တွေ့ဆုံပြီး လက်မှတ်ထိုးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါအပြင် နေပြည်တော်မှ ပရိသတ်တွေနဲ့လည်း (၁.၂.၂၀၁၈)၊ ည (၇) နာရီ နေပြည်တော် JCGV မှာ တွေ့ဆုံသွားမယ်လို့ သိရပါတယ်။

source : Deception