အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့မိသားစုလေးကတော့ ပရိသတ်တိုင်းအားကျရတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အမြွှာသမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်လေးနဲ့ သစ်လေးကလည်း ပြည့်သူအသည်းကျော်လးတွေပဲဖြစ်ပါတယ်။ လင်းလင်း နဲ့ ချစ်သုဝေတို့ဇနီးမောင်နှံက ကိုးကွယ်တဲ့ဘာသာ မတူကြပေမယ့် နားလည်မှုတွေ၊ အချစ်တွေနဲ့ တည်ဆောက်ထားကြလို့ သာယာတဲ့မိသားစုဘ၀လေးကို ပိုင်ဆိုင်ထားကြပါတယ်။

အခုဆိုရင်တော့ ချစ်ရာကောင်းတဲ့ အမြွာသမီးလေးနှစ်ယောက် ခေတ်လေးနဲ့သစ်လေးတို့ရဲ့ ဖေဖေလင်းလင်းကတော့ သူ့ရဲ့ သမီးလေးတွေကို ဘယ်လောက်ချစ်ကြောင်း အသားမှာ သေရာပါထွင်းပြီး အဖေ့မေတ္တာကို ဖော်ကျူးစေတဲ့ အရာတစ်ခုအဖြစ် ဖန်တီးပြလိုက်တာပဲဖြစ်ပါတယ်။

ဖေဖေလင်းလင်းက သမီးလေးနှစ်ယောက်ပုံကို တစ်ထေရာတည်းတူအောင် ကိုယ့်ပေါ်မှာ တက်တူးထိုးခဲ့တာပဲဖြစ်ပါတယ်။ နှစ်စမှာပဲ တစ်နှစ်ပြည့်သွားပြီးဖြစ်တဲ့ ခေတ်လေးနဲ့သစ်လေးအတွက်လည်း ဖေဖေလင်းလင်းရဲ့ လက်ဆောင်ပဲဖြစ်ပါတယ်။ လင်းလင်းနဲ့ချစ်သုဝေတို့မိသားစုဟာ အရမ်းအားကျစရာကောင်းတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။

source : Facebook