Sexy ကျကျဖက်ရှင်တွေနဲ့ အမြဲလှနေတဲ့ သင်ဇာဝင့်ကော်ျကတော့ ဖက်ရှင်ကျအောင်ဝ တ်တတ်လွန်းသူပဲဖြစ်ပါတယ်။ သင်ဇာက သူမရဲ့လူမှုကွန်ရက်မှာ ပရိသတ်တွေနဲ့ အဆက်မပြတ်ရလေအောင် သူမရဲ့ပုံရိပ်တွေကို တင်လေ့ရှိသူပဲ ဖြစ်ပါတယ်။ အခုမှာလည်း ဖက်ရှင်ကျအောင်ဝတ်တတ်တဲ့ သင်ဇာက ချစ်တဲ့ပရိသတ်တွေအတွက် သူမရဲ့ဖေ့စ်ဘွတ်မှ ဆယ်ကျော်သက်ဖက်ရှင်နဲ့ လန်းနေတဲ့ပုံရိပ်တွေကို မျှဝေပေးထားပါသေးတယ်။

လတ်တလောကမှ သင်ဇာက သူမကိုချစ်တဲ့ပရိသတ်တွေနဲ့ ပျော်ပျော်ပါးပါးတွေ့ဆုံပြီး ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့ပါသေးတယ်။ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့တဲ့ သင်ဇာကိုတော့ ပရိသတ်တွေတော်တော်များများက ချစ်ကြပါတယ်။ သူမပါဝင်သရုပ်ဆောင်ထားသေးတဲ့  “ရွှေကြာ” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ပရိသတ်တွေက စောင့်မျှော်နေကြပါတယ်။

အသက် (၃၀)ကျော်အရွယ်ထိ အချစ်ရေးကိစ္စနဲ့ပတ်သက်ပြီး တရားဝင် ချပြခဲ့ခြင်းမရှိခဲ့တဲ့ သင်ဇာရဲ့အချစ်ရေးကိုလည်း ပရိသတ်တွေက စိတ်ဝင်စားလို့နေပါတယ်။ လက်ရှိမှာပဲ ပရိသတ်တွေက သင်ဇာကို လက်စွပ်ပေးတဲ့ Oppa ကို စိတ်ဝင်တစား ဖြစ်နေကြပါတယ်။ သင်ဇာက သူမမှာ ချစ်သူရှိနေပြီဆိုတဲ့ အရိပ်အမြွတ်ကိုတော့ လူမှုကွန်ရက်မှာ စာနဲ့ပုံတွေ တွဲတင်လေ့ရှိပေမယ့် တရားဝင်ထုတ်ပြောထားတာမျိုးတော့ မရှိသေးပါဘူး။

source : Thinzar Wint Kyaw