ရိုးရှင်းပြီး ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးရဲ့ ပိုင်ရှင် မျိုးကိုကိုစန်းကတော့ မန္တလေးသူလေးပဲဖြစ်ပြီး မိန်းကလေးတစ်ယောက်အတိုင်း ချောနေလှနေသူလေးပဲဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ အမှုအရာတွေကြောင့် သူမကို ၀န်းရံကြတဲ့ အမျိုးသားထုကြီးတွေကလည်း တစ်ခဲနက်ရှိလို့နေပါတယ်။

အခုမှာတော့ ပုဂံ ဘုရားဖူးရောက်နေတဲ့ မျိုးကိုကိုစန်းက ချစ်ပရိသတ်တွေကို “သူမကိုရော ဘယ်သူပိုင်တာလဲ” လို့ချစ်စဖွယ် မေးခွန်းတစ်ခုကို မေးလာခဲ့ပါတယ်။ သူမရဲ့ ဖေ့ဘွတ်ပေါ်မှာတော့ ” စေတီပုထိုးတွေ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ပြည့်နှက်နေတဲ့ ပုဂံပြည်ကြီးကို ဘယ်သူတွေပိုင်သလဲဆိုတော့ .. မြန်မာပြည်က မြန်မာပြည်သူပြည်သားတွေပိုင်တာပေါ့တဲ့ …ဒါဆို ဟောသည်က မျိုးကိုကိုစန်းကိုရော ဘယ်သူပိုင်တာလဲ???” လို့ဆိုလာပြီး ပုဂံရောက် သူမရဲ့ပုံရိပ်တွေကိုပါ မျှဝေပေးထားတာတွေ့ရပါတယ်။

ပရိသတ်တွေကလည်း သူမရဲ့မေးခွန်းလေးကို စနောက်ရင်းပြန်ဖြေထားကြတာတွေ့ရပါတယ်။ စကားအပြောအဆိုလေးတွေကအစ ချစ်ဖို့ကောင်းနေတဲ့ သူမကို ပရိသတ်တွေကလည်း မချစ်ဘဲမနေနိုင်ဖြစ်နေကြတာပါ။

Posted by Myo KoKo San on Sunday, February 18, 2018

source: Myo KoKo San