မင်းသားသူရိယနဲ့ မင်းသမီး ဆုအိမ့်စံတို့ စုံတွဲက ပရိသတ်အားကျရတဲ့ အနုပညာရှင်စုံတွဲပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းကတော့ (၁)နှစ်ကျော်သွားပြီဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်လည်း နားလည်မှုတွေ ၊ အချစ်တွေနဲ့ ရှေ့ဆက်နေကြတာပဲဖြစ်ပါတယ်။

သူရိယက ဆုအိမ့်စံကို အရမ်းချစ်ပြီး ဂရုစိုက်လို့ သူမအနေနဲ့အချစ်ရေးမှာ စိတ်ချမ်းသာနေတယ်လို့လည်းဆိုခဲ့ပါတယ်။ သူတို့ချစ်သူနှစ်ယောက်ဟာ ၀ါသနာချင်းလည်းတူ၊ အနုပညာအလုပ်တွေကိုလည်း အတူတူလုပ်ကိုင်နေကြတဲ့ အတွဲညီညီ ချစ်သူစုံတွဲဖြစ်လို့ ပရိသတ်တွေက အားကျနှစ်သက်နေကြတာပဲဖြစ်ပါတယ်။

သူရိယက သူမကို ဓာတ်ပုံလှလှလေးတွေ အမြဲရိုက်ပေးတတ်သေးပါတယ်။ အခုမှာလည်း သူမက “သူလေးရိုက်ပေးထားတာ အခုမှတွေ့လို့တင်လိုက်တယ်” ဆိုတဲ့စာနဲ့ ချစ်သူ သူရိယရိုက်ပေးခဲ့တဲ့ ဓာတ်ပုံလေးတွေကိုပါ တွဲတင်ထားပြီး သဘောကျနေခဲ့တာပါ။ သူတို့ချစ်သူနှစ်ယောက်ရဲ့ စုံတွဲပုံရိပ်တွေကို Instagram မှာလည်း တင်တတ်ပါသေးတယ်။ အရမ်းလိုက်ဖက်တဲ့ သူတို့စုံတွဲကိုလည်း ပရိသတ်တွေက ချစ်ခင်နှစ်သက်ကြတာကို တွေ့ရပါတယ်။

source : Hsu Eaint San