မင်းသားသူရိယ နဲ့ မင်းသမီး ဆုအိမ့်စံတို့ချစ်သူနှစ်ယောက်ကတော့ ပရိသတ်တွေ အားကျနေကြတဲ့ အနုပညာစုံတွဲလေးပဲဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ယောက်ကတော့ အလုပ်ချင်းလည်းတူသလို ၀ါသနာတူလည်းဖြစ်သလို ခရီးသွားဝါသနာပါတာချင်းလည်းတူကြပါတယ်။ အခုမှာတော့ သူတို့ချစ်သူနှစ်ယောက်က မိတ်ဆွေတွေနဲ့အတူ ဘန်ကောက်ကို ခရီးထွက်နေခဲ့တာပဲဖြစ်ပါတယ်။

ချစ်သူဆုအိမ့်စံလေးက လေဆိပ်ထဲမှာ လမ်းမလျှောက်နိုင်တော့လို့ သူရိယက ခရီးဆောင်အိတ်တင်လှည်းပေါ် ခေါ်တင်သွားခဲ့ရပါတယ်။ သူရိယကတော့ ချစ်သူဆုအိမ့်စံလေးကို လှည်းပေါ် ခေါ်တင်သွားပေမယ့် ပြုတ်ကျမှာစိုးလို့ အရိပ်တကြည့်ကြည့်နဲ့ စောင့်ကြည့်ပြီး ဂရုစိုက်နေခဲ့တာပဲဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း သူရဲ့လူမှုကွန်ရက်ပေါ်မှာ “လေဆိပ်မှာ လမ်းမလျှောက်နိုင်တော့ဘူးဆိုလို့လေ… အဲလိုခေါ်သွားရတယ်….. တော်သေးတာပေါ့ ထမ်းမခေါ်ရလို့.. ” လို့ဆိုခဲ့ပါတယ်။

သူတို့ချစ်သူနှစ်ယောက်စလုံးက တူညီတဲ့ အိမ်မက်တွေကို အတူတူလက်တွဲရင်း အကောင်အထည်ဖော်နေကြတာပဲဖြစ်ပါတယ်။ အရမ်းချစ်စရာကောင်းတဲ့ သူတို့ချစ်သူနှစ်ယောက်ရဲ့ကြည်နူးပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Posted by Thu Riya on Monday, April 23, 2018

Posted by Thu Riya on Monday, April 23, 2018

source : Hsu Eaint San