မိတ်ကပ်လောကမှာ နာမည်ကြီးဖြစ်တဲ့ မေဦးနဲ့ ဟန်လင်းတို့ ချစ်သူနှစ်ယောက်က ပရိသတ်တွေ အားကျကြတဲ့ ချစ်သူစုံတွဲလေးပဲ ဖြစ်ပါတယ်။ နှစ်ယောက်စလုံးကတော့ ချစ်သူသက်တမ်း (၁)နှစ်(၆)လပြည့်သည်အထိ ချစ်သူဘ၀ကို တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးဆေးဆေး ဖြတ်သန်းနေကြဆဲပါဘဲ။

မေဦးက ချစ်သူဟန်လင်းရဲ့ Surprise လုပ်ခံရaလ့ ရှိသူပါ။ ဟန်လင်းကလည်း မေဦးအတွက်ဆို အမှတ်တရ ဖြစ်စေမဲ့နေ့လေးတွေ အမြဲဆိုသလို ဖန်တီးပေးချင်နေတာ သူ့ရဲ့ဆန္ဒပဲ ဖြစ်တယ်ဆိုပြီး ငွေဆောင်ကမ်းခြေမှာ ပွဲလေးတစ်ခုလုပ်ပေးခဲ့ပါတယ်။ သူတို့စုံတွဲက ငွေဆောင်ရောက်တုန်းရောက်ခိုက် Couple goal ဓာတ်ပုံလေးတွေ ရိုက်ခဲ့ပါတယ်။

မေဦးက သူတို့နှစ်ယောက်ရဲ့ ပုံလေးတွေကို “ငွေဆောင်မှာ ရိုက်ခဲ့တဲ့ သာယာသည့် ပုံလေးတွေ” လို့ရေးသားခဲ့ပြီး တင်ထားတာတွေ့ရပါတယ်။ အရမ်းကို ချစ်ကြတဲ့ သူတို့နှစ်ယောက်ကတော့ အခုချိန်ထိ အချစ်မလျော့ကြသေးဘူးဆိုတာ ပုံလေးတွေက သက်သေတစ်ခုအဖြစ် ပြနေပါတယ်။

source : May Oo