တူညီတဲ့ အနုပညာလမ်းကို အတူတူလျှောက်လှမ်းနေတဲ့ အဆိုတော် G Fatt နဲ့ နန်းဆုရတီစိုးတို့နှစ်ယောက် ကတော့ ကိုယ့်စီအောင်မြင်မှုတွေ ရရှိထားသူတွေပါ။ သူတို့နှစ်ယောက်က ပရိသတ်တွေရဲ့ အားကျရတဲ့ စုံတွဲလေးဆိုလည်း မမှားပါဘူး။ G Fatt နဲ့ နန်းဆု တို့စုံတွဲက ပရိသတ်တွေကို တရားဝင်ကြေညာခြင်းမရှိသေးပေမယ့် လိုက်ဖက်လွန်းတဲ့ သူတို့စုံတွဲအဖြစ် ပရိသတ်တွေက သဘောတူ ကြိုက်နှစ်သက်ခဲ့ကြပါတယ်။

အခုလက်ရှိမှာတော့ သူတို့စုံတွဲနှစ်ယောက်က ဖားကန့်ကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ သူတို့ရဲ့ အကောင့်မှာတော့ ဖားကန့်ကို အတူတူရောက်နေကြောင်း စုံတွဲပုံမတင်ထားပေမယ့် နန်းဆုရဲ့ပရိသတ်တစ်ယောက်ရဲ့ လူမှုကွန်ရက်မှာတော့ မျှဝေထားတာ တွေ့ရပါတယ်။

သူတို့နှစ်ယောက်ရဲ့ ဖားကန့် ရောက်ပုံရိပ်လေးတွေကို ကြည့်ရတာ ပျော်ရွှင်စရာအမှတ်တရလေးတွေ ဖန်းတီးပြီး ကြည်နူးနေခဲ့ကြလို့ ပရိသတ်တွေရဲ့ အားကျရတဲ့ စုံတွဲတစ်တွဲ ဖြစ်နေပြန်တာပါ။ သူတို့နှစ်ယောက်ရဲ့လက်ရှိအချစ်ရေးကတော့ အရမ်းကို သာယာပျော်ရွှင်နေကြတဲ့ အချစ်ရေးတစ်ခုကို တည်ဆောက်ထားပါတယ်။

source : facebook