“ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားရဲ့ ဗီလိန်မင်းသားချော အောင်မြင့်မြတ်ကတော့ သူ့ရဲ့ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေရဲ့ အားပေးမှုတွေကို ပိုင်ဆိုင်ထားရသူလည်းဖြစ်ပါတယ်။  အောင်မြင့်မြတ်က “ဥပါယ်တံမျဉ်” ဇာတ်ကားမှာတော့ ငယ်စဉ်ကတည်းက ဆင်းရဲကြမ်းတမ်းခဲ့တဲ့ မိဘမဲ့ “သိန်းစိုး”အဖြစ် သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။

အောင်မြင့်မြတ်ဟာ သိန်းစိုးရဲ့ ကာရိုက်တာအတိုင်း ဇာတ်ရုပ်ကို ခပ်ကြမ်းကြမ်း၊ သရုပ်သဏ္ဍာန်ပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်ရဲ့ရင်ထဲက အသည်းတစ်ခြမ်း ဖြစ်လို့နေခဲ့ပါတယ်။ ပရိသတ်တွေက မင်းသားအောင်မြင့်မြတ် နဲ့ Special Make-Up Artist အိမီမီကို တို့ စုံတွဲလေးကိုလည်း သဘောကျနေကြပါတယ်။

သူတို့ချစ်သူနှစ်ယောက်ကတော့ ချစ်သူသက်တမ်း (၃)နှစ်ကျော်သွားပြီး၊ နှစ်ဖက်မိဘတွေရဲ့ သဘောတူညီမှုကိုလည်း လက်ခံထားရတဲ့အတွက် တရားဝင်လူသိရှင်ကြား တွဲနေကြပါတယ်။ အိမီမီကိုက အောင်မြင့်မြတ် မအောင်မြင်သေးခင်အချိန်ကတည်း ဘေးနားမှာ အခုချိန်ထိရှိနေခဲ့လို့ ပရိသတ်တွေရဲ့ အားကျစရာစုံတွဲလေးဖြစ်လို့ နေပါတယ်။

သူတို့နှစ်ယောက်က စိတ်တူကိုယ်တူလည်း ရှိကြသလို အတွဲညီကြတဲ့ စုံတွဲပဲဖြစ်ပါတယ်။ ချစ်သူအိမီမီကိုကလည်း သူမရဲ့ မိတ်ကပ်အလုပ်က အောင်မြင့်မြတ်ကြောင့် လုပ်ဖြစ်သွားတာလို့လည်း သိရပါတယ်။ သူတို့နှစ်ယောက်ရဲ့အချစ်ရေးကတော့ ကြည်နူးဖို့ကောင်းပြီး နားလည်မှုတွေရှိကြတဲ့ စုံတွဲလေးပဲဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ယောက်လုံးကလည်း အလုပ်ကြိုးစားသူတွေလည်းဖြစ်ကြသလို ကိုယ်စီအောင်မြင်မှုတွေ ရရှိနေတာပဲဖြစ်ပါတယ်။

source : Aung Myint Myat & Ei Me Me Ko