အားလုံးက မကော်ဆိုပြီး ချစ်စနိုးခေါ်ကြတဲ့ ကော်နီကတော့ အရင်တုန်းကဆိုရင် အရမ်းကိုအောင်မြင်ကျော်ကြားခဲ့တဲ့ အ ဆိုတော်တစ်ယောက်ပါ။ သူ့ခေတ်သူ့အခါကဆိုရင် ကော်နီဆိုပြီး လျှမ်းလျှမ်းတောက်အောင် မြင်ခဲ့သလို ဒီနေ့ ဒီအချိန်ထိ လည်း ပရိသတ်လက်ခံအားပေးမှုကို ရရှိထားတဲ့ ၀ါရင့်အဆိုတော်ပါ။

ဒီဇင်ဘာ (၂၁)ရက်နေ့ကတော့ အဆိုတော် မကော်ရဲ့ မွေးနေ့လေးပါ။ မွေးနေ့မှာတော့ ဘုန်းတော်ကြီးသင်ကျောင်း (၂)ကျောင်းမှာ မွေးနေ့အလှူလေးလုပ်ခဲ့ပါတယ်။ အလှူတင်မဟုတ်ဘဲ ကလေးလေးတွေပျော်အောင် သီချင်းတွေသီဆိုဖျော်ဖြေ ပေးခဲ့တာကို တွေ့ရပါတယ်။

မွေးနေ့အမှတ်တရပုံရိပ်လေးတွေကိုတော့ အဆိုတော် လင်းနစ်က မှတ်တမ်းတင်ပေးထားပြီး မကော်ကို with လုပ်ပြီး တင်ပေးထားတာပါ။

from လင်းနစ်၊မကော်ရဲ့ fb