(၉.၂.၂၀၁၈) မှာ စတင်ပြသခဲ့တဲ့ “ကောလိပ်ဂျပိုး”ရုပ်ရှင်ဇာတ်ကားကြီးဟာ ဒါရိုက်တာ ကိုဇော်က ဆရာဇ၀နရဲ့ဝတ္ထုကို ပြနလည်ပုံဖော်ရိုက်ကူးခဲ့ပြီး မြင့်မြတ်၊ ၀တ်မှုန်ရွှေရည် တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ အခုလတ်တလောမှာတော့ ပရိသတ်တွေကြား ရေပန်းစားအောင်မြင်နေတဲ့ မြန်မာဟာသဇာတ်ကားကောင်းတစ်ကားလို့ဆိုရင်လည်း မမှားပါဘူး။

ဒီဇာတ်ကားကြီးကို ပရိသတ်တွေက ရုံတင်တင်တင်ချင်းနေ့မှာပဲ ရုံပြည့်ရုံလျံအားပေးခဲ့ကြသလို ဝေဖန်သူတွေကလည်း ရှိလို့နေပါတယ်။ ငွေညှစ်ခံရတယ် ဆိုတဲ့အကြောင်းကို “ကောလိပ်ဂျပိုး” ရုပ်ရှင်ဇာတ်ကားကြီး ရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်မှာ ဖော်ပြထားတာပါ။ ကောလိပ်ဂျပိုး ရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်မှာ ပြောထားပုံအရကတော့ ” ကောလိပ်ဂျပိုး အကြောင်း မကောင်းကြောင်း(bad reviews) မရေးတော့ဘူး ငွေဘယ်၍ ဘယ်မျှ ပေး ပါ “ဆိုပြီး ကမ်းလှမ်းခံရတယ်လို့သိရပါတယ်။

ငွေညှစ်သူဟာ ကောလိပ်ဂျပိုးရဲ့ Chat Box ကနေပြောတာဖြစ်လို့ အပျော်သဘောနဲ့စနောက်တာလား ၊ တကယ်ပဲ ခြိမ်းခြောက်တာလားဆိုတာ သေချာမသိပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကောလိပ်ဂျပိုး ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဖေ့ဘွတ်စာမျက်နှာမှာတော့ “ငွေညှစ်ခံ ရတဲ့ ကောလိပ်ဂျပိုး … ချစ်ပရိသတ်တို့ စိတ်ဝင်စားခြင်း ခံနေရသော ကောလိပ်ဂျပိုး ကတော့ အရာရာ နဲ့ အကြောင်း ကြောင်း ထင်ပါတယ်…… ကောလိပ်ဂျပိုး အကြောင်း မကောင်းကြောင်း(bad reviews) မရေးတော့ဘူး ငွေဘယ်၍ ဘယ်မျှ ပေး ပါလို့ ကမ်းလှမ်းခံရတော့ ကောလိပ်ဂျပိုး တစ်ယောက် တုန်လှုပ်ခြောက်ခြားမိပါတယ်…”

ဒါအပြင် “ကောလိပ်ဂျပိုး ကတော့ လူမိုက် အားပေး ဘယ်တော့ မှမလုပ်ပါဘူး … အမှန်တရားဆိုတာ အချိန်တန်ရောက်လာတာပါပဲ နောက်ကျတာနဲ့ စောတာပဲ ကွာတယ်လေ…ကောလိပ်ဂျပိုး ရဲ့ မေတ္တာတွေ ကြောင့် မကောင်းမှု ပြုသူတို့ ရင်ထဲပူလောင်နေတယ်ဆိုရင် ….ရင်မပူအောင် ထပ်မံဆုတောင်းမေတ္တာပို့ ပေးပါမယ်….(ကိုယ်စိတ်နှလုံးအေးချမ်းကြပါစေ)…..ကောလိပ်ဂျပိုး အပြစ်မယူပါဘူး….ချစ်ပရိသတ်တို့ မေတ္တာဓါတ်ကြောင့် ကိုသိန်းဖေ နဲ့ မအေးစိန် တို့ ရင်ထဲအေးချမ်းနွေးထွေးပြီး အားပေးမူ အမြင့်ဆုံး အချိန် ကိုရောက်ရှိလို လာပါပြီး…..ယနေ့ ရက်သတ္တပတ် ပြည့်သည့်အထိ ရုံပြည့် ရုံလျှံ အားပေးလျှက်ရှိသော ချစ်ပရိသတ်ကြီး အား အထူးကျေးဇူးတင်ရှိပါသည်….” ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။

source : ကောလိပ်ဂျပိုး ရုပ်ရှင်ဇာတ်ကားကြီး