မင်းသမီး ခြူးစစ်ဟန်ကတော့ အမိုက်စား Body ကောက်ကြောင်းအလှကြောင့် နာမည်ကြီးနေသူတွေထဲက တစ်ယောက်ပဲဖြစ်ပါတယ်။ သူမက Miss Golden Land Myanmar (2015) ပြိုင်ပွဲမှာ Miss Face of Beauty Myanmar ဆုရခဲ့ဖူးပါတယ်။ အခုနောက်ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်နေပြီ ကြော်ငြာတွေ၊ ရုပ်ရှင်တွေကိုပါ ရိုက်ကူးပေးနေပါတယ်။

ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ဇဏ်ခီရဲ့ ညီမအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားကတော့ သူမရဲ့ ရုပ်ရှင်လောကထဲကို စလှမ်းတဲ့ ပထမခြေလှမ်းပဲဖြစ်ပါတယ်။ ပထမခြေလှမ်းမှာတင် အောင်မြင်မှုတွေ ရရှိနေတဲ့သူမကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ဝင်တေး” Fool for you ”  သီချင်းကိုလည်း ကိုယ်တိုင်ဆိုထားတယ်လို့သိရပါတယ်။

ဒါနဲ့ပတ်သက်ပြီး သူမရဲ့ Facebook ပေါ်မှာ “Deception- ဥပါယ်တံမျဉ် ဇာတ်ဝင်တေး” Fool for you”သီချင်း ကို ခြူး ကိုယ်တိုင် ဆိုထားပါတယ်ဆိုတာ ဘယ်သူ့ကိုမှ မပြောလို့ ဘယ်သူမှမသိဘူး ဒါပေမယ့် နားထောင်သူတိုင်း ကြိုက်လို့ ကျေနပ်တယ်” လို့ရေးသားခဲ့ပါတယ်။

source : Chuu Sitt Han