မြန်မာ့ရုပ်ရှင်လောကမှာ အမျိုးသားဒါရိုက်တာ အရေအတွက်နဲ့ယှဉ်ရင် အမျိုးသမီးဒါရိုက်တာဦးရေက အရမ်းကို နည်းပါးပါတယ်။ ဒါရိုက်တာ ခရစ်စတီးနားခီက လက်ချိုးရေလို့ရတဲ့ အမျိုးသမီးဒါရိုက်တာတွေထဲက တစ်ယောက်ပါ။ “ဥပါတယ်တံမျဉ်” ရုပ်ရှင်ကားကတော့ သူမရဲ့ ပထမဆုံးရုံတင်ခွင့်ရခဲ့တဲ့ ဇာတ်ကားပါ။ ပရိသတ်တွေရဲ့ တခဲနက် အားပေးမှုကိုရခဲ့တဲ့ ဇာတ်ကားပါ။

ဒုတိယမြောက် ရုံတင်ကားကတော့ ” မုဒြာရဲ့ခေါ်သံ” ပါ။ ဒီဇာတ်ကားကလည်း ပရိသတ်တွေရင်ထဲကို ရောက်ခဲ့ပြီး ခရစ် စတီးနားခီအတွက် နောက်ထပ် အောင်မြင်မှုမှတ်တိုင် စိုက်ထူနိုင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ခဲ့ပါ တယ်။ သူမရဲ့ ဇာတ်ကား(၂)ကားလုံးကိုတော့ JCGV၊ Mega Ace ..အစရှိတဲ့ ရုံတွေမှာပဲ ရုံတင်ပြသခွင့်ရခဲ့ပါတယ်။ ရုံကြီးတွေမှာ တင်ရင် ပိုစောင့်ရပြီး အချိန်နှောင့်နှေးမှု ပိုများတဲ့ အနေအထားကြောင့် တင်ရက် အလွယ်တကူရနိုင်တဲ့ နေရာတွေမှာ ရုံတင်ပြသခဲ့တာပါ။ သူမဖန်တီးထားတဲ့ ဇာတ်ကားတွေကို ပရိသတ်ကြိုက်ပေမယ့် ရုံတင်ရက်ရဖို့ ခက်ခဲ နေတယ်လို့ ခရစ်စတီးနားခီက fb စာမျက်နှာကတစ်ဆင့် ရင်ဖွင့်ခဲ့ပါတယ်။

“ကိုယ့်ရုပ်ရှင်တွေ ဘယ်လောက် ပရိတ်သတ်တောင့်တောင့် ရုံရက်ရဖို့ ခက်နေတုန်းပါလား… 😭😭…” ဆိုပြီး တင်ထားတာပါ။ ဒါရိုက်တာ ခရစ္စတီးနားခီ ကတော့ Women in Innovation and Creativity Award ဆုကို မကြာသေးမီကမှ ရရှိခဲ့ပါတယ်။ သူမရဲ့ ကြိုးစားအားထုတ်ခဲ့တဲ့ ပုံရိပ်တစ်ချို့ကို မြင်ရုံနဲ့  ခရစ်စတီးနားခီရဲ့ အနုပညာ အလုပ်အပေါ် မြတ်နိုးတန်ဖိုးထားမှုတွေကိုတော့ တွေ့နိုင်ပါတယ်။

from ခရစ်စတီးနားခီရဲ့ fb