လတ်တလော ပရိသတ်အားပေးမှုအများဆုံးရခဲ့တဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားရဲ့ ဒါရိုက်တာ ခရစ်(စ)တီးနားခီနဲ့ သရုပ်ဆောင်မင်းသား ဇဏ်ခီတို့ဇနီးမောင်နှံဟာ ၀ါသနာချင်းလည်းတူသလို အတွဲညီညီ ကြိုးစားကြတဲ့ ဇနီးမောင်နှံပဲဖြစ်ပါတယ်။ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကတော့ ဒါရိုက်တာ ခရစ်(စ)တီးနားခီရဲ့ ဒုတိယမြောက်လက်ရာပဲဖြစ်ပြီး ဒီဇာတ်ကားရဲ့ဇာတ်အိမ်က ဇဏ်ခီရဲ့ စိတ်ကူးယဉ်ဖန်တီးမှုတွေ ဖြစ်ပါတယ်။

ဒါရိုက်တာ ခရစ်(စ)တီးနားခီရဲ့ ပထမလက်ရာကတော့ “မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ ပထမမြောက်လက်ရာဖြစ်တဲ့ “မုဒြာရဲ့ခေါ်သံ” ဇာတ်ကားကိုလည်း သူတို့ဇနီးမောင်နှံနှစ်ယောက် ကြိုးစားရိုက်ကူးထားခဲ့ပေမယ့် မြန်မာမှာတော့ အခုချိန်ထိ ရုံတင်ပြသခွင့်မရသေးပါဘူး။ အခုဆိုရင် သူတို့နှစ်ယောက်ရဲ့အတွဲညီညီကြိုးစားမှုကြောင့် “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကတော့ ရုံတင်ခွင့်ရခဲ့ပြီး ၀က်ဝက်ကွဲ အောင်မြင်ခဲ့ပါတယ်။

သူတို့ဇနီးမောင်နှံနှစ်ယောက်မှာ သားလေးတစ်ယောက်ရှိပြီး သူတို့နှစ်ယောက်စလုံးကလည်း အနုပညာအလုပ်ကို အားကျိုးမာန်တက် လုပ်နေကြသူတွေပဲဖြစ်ပါတယ်။ တစ်မူထူးခြားတဲ့ ဇာတ်အိမ်တွေကို ဖန်တီးရိုက်ကူးရတာကြိုက်တဲ့ ဒါရိုက်တာ ခရစ်(စ)တီးနားခီနဲ့ မင်းသား ဇဏ်ခီတို့ရဲ့ မိသားစုပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

source : Christina Kyi