ပရိသတ်တွေရဲ့ အသည်းတုံးလေးတွေ ဖြစ်တဲ့ ခေတ်လေးနဲ့ သစ်လေးတို့ရဲ့ မေမေ၊ မင်းသမီးချော ချစ်သုဝေတစ်ယောက်ကတော့ သမီးလေးတွေရဲ့ (၁)နှစ်ပြည့် မွေးနေ့မတိုင်ခင်မှာ “ကိုယ့်စိတ် ..ကိုယ့်ကိုယ် … ကိုယ့်အတ္တ .. ကိုယ့်မာန ..ကိုယ့်လောဘ အသားပေးတွေနဲ့ ဝေးကွာခဲ့တာ တစ်နှစ်တောင် ပြည့်တော့မှာပါလားနော်” လို့ ဆိုလိုက်ပါတယ်။

ချစ်သုဝေက အိမ်ထောင်ကျပြီးကတည်းက ၊ ခေတ်လေးနဲ့ သစ်လေးကို ထိန်းနေရတာနဲ့တင် သရုပ်ဆောင်အလုပ်နဲ့ အဆက်ပြတ်နေခဲ့တာ ကြာပါပြီ။ တစ်ခါတစ်လေတော့ သူမရဲ့ဖေ့ဘွတ်ကနေ ချစ်စရာအမြွှာသမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်လေးနဲ့ သစ်လေးတို့ရဲ့ လှုပ်ရှားမှု ဗီဒီယိုအတိုလေးတွေ၊ ဓာတ်ပုံလေးတွေကိုတော့ တင်လေ့ရှိသူပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ခေတ်လေးနဲ့ သစ်လေးတို့လည်း ပရိသတ်တွေရဲ့ အသည်းတစ်ခြမ်း ဖြစ်လာခဲ့ပါတယ်။

အခုဆိုရင် ခေတ်လေးနဲ့ သစ်လေးတို့က (၁)နှစ်ပြည့်တော့မှာဖြစ်လို့ မေမေချစ်သုဝေက “ကိုယ့်စိတ် .. ကိုယ့်ကိုယ်.. ကိုယ့်အတ္တ.. ကိုယ့်မာန .. ကိုယ့်လောဘ အသားပေးတွေနဲ့ ဝေးကွာခဲ့တာ တစ်နှစ်တောင်ပြည့်တော့မှာပါလားနော်…
Figting Mommy Treza … မညည်းရဲ ခဲ့ပါဘူး ကိုယ်ပင်ပမ်းတယ်ဆိုတာ ကိုယ့်ရှေ့က Senior Mommy တွေကရယ်မှာပေါ့…အလုပ်တစ်ဖက်နဲ့ သားသမီးတွေကို ပြုစုစောင့်ရှောက်ကြတဲ့ မေမေတွေကိုလေးစားတယ်…”လို့ ရေးထားပါတယ်။

ဆက်လက်ပြီး “ကိုယ်ကတော့ ဒီဘဝ ဒီလမ်းကိုလျောက်ခဲ့တာ (၁)နှစ်ပြည့်တော့မယ်…သမီးလေးတို့အတွက် အကောင်းဆုံးတွေပေးဖို့ပဲ မေမေ ဝင်သက်ထွက်သက်ရှိသရွေ့ ကြိုးစားနေဦးမှာ…ဒီနှစ်အတွင်းမှာ မေမေ့ရဲ့အနားယူမှုဟာ သမီးလေးတွေအတွက် ဖြေဖျော်ခြင်း…မေမေ့ရဲ့ပျော်ရွှင်ခြင်းဟာ သမီးလေးတွေရဲ့ အပြုံးရယ်သံလေးတွေ … .မေမေ့ရဲ့ဂုဏ်ယူမဆုံးမာနတွေဟာ သမီးလေးတွေရဲ့ သိတတ်လိမ္မာခြင်းတွေဖြစ်ခဲ့ပြီ…” လို့ ရေးထားပါသေးတယ်။ ဆက်လက်ပြီး ….

“တစ်လှည့်စီ ဘယ်သူ့အပေါ်မှမလျော့ မပေါ့အောင်ကြိုးစားရတာမို့ … သမီးလေးတွေ အနာဂတ်အတွက် မျှော်လင့်ချက်တွေကြီးတာမို့ … မေမေလေ တခါတခါ ခေါင်းစဉ်တပ်မရတဲ့ ခံစားချက်တွေရှိပ … သမီးငယ်လေးတွေရယ် … ဒီလိုပါပဲ တစ်ခါတစ်ခါ ပင်ပန်းလွန်းတဲ့ဘဝထဲမှာ ခိုင်မာတည်ကြည်အောင် လျှောက်လှမ်းနိုင်ဖို့ သမီးတို့အတွက် ဥပမာကောင်းဟာ မေမေပဲဖြစ်ရမှာပေါ့…. ချစ်တယ် မေ့သမီးလေးတွေ … မွေးနေ့ရောက်ဖို့ (၃၃)နာရီ အလို” လို့ ဖော်ပြခဲ့ပါတယ်။ ချစ်သုဝေက ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားရတဲ့အပြင်၊ သာယာပျော်ရွှင်တဲ့ မိသားစုဘ၀လေးကိုလည်း ပိုင်ဆိုင်ထားရသူပဲဖြစ်တယ်။

source : Chit Thu Wai’s fb