အဆိုတော် လင်းလင်း နဲ့ သရုပ်ဆောင်၊ အဆိုတော် ချစ်သုဝေတို့ကတော့ ချစ်စရာကောင်းတဲ့ အမြွှာသမီးလေး ခေတ်လေးနဲ့သစ်လေးတို့နဲ့အတူ သာယာပျော်ရွှင်ဖို့ကောင်းတဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်ထားရပါတယ်။ သူတို့မိသားစုရဲ့အပျော်တွေက ပရိသတ်တွေဆီကိုပါ ကူးစက်လာခဲ့ပါတယ်။ အခုဆိုရင် ခေတ်လေးနဲ့သစ်လေးတို့က အစားကိုကောင်းကောင်းစားတတ်နေတဲ့ အရွယ်ကိုရောက်နေပါပြီ။ မေမေချစ်သုဝေက သမီးလေးတွေကို အစားကောင်းကောင်းစားတတ်အောင် မရိုးနိုင်တဲ့နည်းမျိုးစုံနဲ့ ချက်ပြုတ်ကျွေးခဲ့တာပဲ ဖြစ်ပါတယ်။

သမီးလေးတွေ ဒီလို အစားအစာကို ခုန်မင်အောင် စိတ်ရှည်စွာ နည်းမျိုးစုံနဲ့ကြိုးပမ်းရင်း အောင်မြင်ခဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီး မေမေချစ်သုဝေက “မေမေ့ရဲ့ ပျော်ရွှင်ခြင်းအောင်မြင်မှုမှတ်တိုင်လေးများ…”သည်းလေးတွေ အစားအစာကို Enjoy လုပ်တတ်အောင် တတ်နိုင်သမျှ စိတ်ရှည်စွာ နည်းမျိုးစုံနဲ့ကို ကြိုးပမ်းရတာပါ…ပညာလေးတွေပေါ့လေ..အမေတစ်ယောက်ရဲ့ဘဝက ပေးတဲ့အတွေ့အကြုံပေါ့…”

ဆက်လက်ပြီး သူမက “တစ်ယောက်ကို နည်းတစ်မျိုး …နှစ်ယောက်ဆိုတော့ နည်းနှစ်မျိုး ” “Empty plate mission..Done…Give me 5..yayyy””” လိုက်ရရင် ကိုယ်ဟာ အောင်မြင်သူကြီးတစ်ယောက်ပဲ…he he…ပျော်မဆုံးမော်မဆုံး အတော်ဆုံးဆိုပြီး ကိုယ့်ကိုယ်ကို ကျေနပ်သွားတာမျိုး.. Grammyဆုကြီးနဲ့ Oscarဆုကြီး တပြိုင်နက်ရသလိုမျိုး..” ဆိုတဲ့စာနဲ့ သမီးလေးတွေရဲ့ အစားပုတ် ပုံရိပ်တွေကိုပါ မျှဝေပေးထားပါသေးတယ်။ 

ပရိသတ်တွေကလည်း ခေတ်လေးနဲ့သစ်လေးတို့ရဲ့ အစားပုတ်ပုံရိပ်လေးတွေကြောင့် အချစ်တွေပိုလာခဲ့ပြန်ပြီး ချစ်မ၀ဖြစ်နေခဲ့ကြပါတယ်။ မေမေချစ်သုဝေကလည်း ဒီလိုမျိုးနဲ့ မိခင်မေတ္တာကို ပြလိုက်သလို ဖေဖေလင်းလင်းကလည်း သမီးလေးတွေရဲ့ပုံကို တက်တူးထိုးလိုက်ပြီး ချစ်စရာသမီးလေးတွေအတွက် မေတ္တာတွေ ဖော်ကျူးလိုက်ပါသေးတယ်။

source : Chit Thu Wai