မြန်မာနိုင်ငံရဲ့ ထိပ်တန်းအဆိုတော် ချမ်းချမ်းကတော့ ဒီကနေ့မှာကျရောက်တဲ့ သမီးချောလေး မြမိုးဂင်္ဂါရဲ့မွေးနေ့အတွက် ပထမဦးဆုံး မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်။ ချမ်းချမ်းက သမီးလေးဂင်္ဂါအတွက် “သမီးလေးရေ Happy birthday ပါ မနှစ်က ဘန်ကောက်မှာ ရိုက်ထားတဲ့ပုံလေးနဲ့ပဲ ဦးဦးဖျားဖျား Wish လုပ်ပေးလိုက်တယ်နော် .. သမီးလေးဘဝမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာတဲ့ အချိန်တွေပဲ ပိုင်ဆိုင်ပါစေကွယ်… ဒီနှစ်တော့ သမီးလေး မိစုံဖစုံမနေရပေမဲ့ သမီးလေးပျော်အောင်နေနော်… I love u my baby” ဆိုပြီး ဆုတောင်းထားတာ တွေ့ရပါတယ်။

အမေဖြစ်တဲ့ ချမ်းချမ်းတစ်ယောက်ကတော့ သမီးလေးရဲ့မွေးနေ့မှာ မိစုံဖစုံရှိမနေနိုင်လို့ ၀မ်းနည်းနေပုံရပါတယ်။ ဒါကြောင့်လည်း အရင်နှစ်က မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင် မွေးနေ့ကိတ်လှီးနေတဲ့ပုံလေးနဲ့ ဆုတောင်းပေးခဲ့တာပါ။ မွန်းကြပ်မှုတွေနဲ့ ဝေးရာ သမီးလေးနဲ့အတူ ဂေါ်ရင်ဂျီကျွန်းမှာ ခဏလောက် အနားယူလိုက်ဦးမယ်လို့လည်း သိရပါတယ်။

source : Chan Mya Nyein