“ည” ရုပ်ရှင်ဇာတ်ကားနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသားချော ချမ်းမင်းရဲထွဋ် ကတော့ သူ့ရဲ့ မွေးရပ်မြေကို ပြန်ရောက်နေပါတယ်။ ချမ်းမင်းရဲ့ မွေးရပ်မြေကတော့ ကယားပြည်နယ်၊ လွိုင်ကော်မြို့ပါ။ နိုဝင်ဘာ (၂၀)ရက်နေ့ကတည်းက မွေးရပ်မြေကိုရောက်ပြီဆိုပြီး လေဆိပ်ကပုံကို တင်ထားပါတယ်။

သူ့ရဲ့ မွေးရပ်မြေခရီးစဉ်မှာ ပဒေါင်ရွာကို အလည်သွားခဲ့ပါတယ်။ ရိုးရာဝတ်စုံတွေကိုလည်း ၀တ်ဆင်ပြခဲ့တာကို တွေ့ရပါတယ်။ ပဒေါင်ရွာကို အလည်ပါလို့လည်း ဖိတ်ခေါ်ထားတာ တွေ့ရပါတယ်။ လွိုင်ကော်မှာ ဆင်စီးနေတဲ့ပုံတွေကို တင်ထားတာလည်း တွေ့ရပါတယ်။

ချမ်းမင်းရဲထွဋ်ဟာ နိုဝင်ဘာ(၁၉)ရက်တုန်းက သူ့ရဲ့ fb ပေါ်မှာ မဟာဝိဇိယဘုရားမှာ ပန်းတွေ၊ မုန့်ဟင်းခါး စတုဒီသာ အလှူလုပ်ခဲ့ပုံတွေကိုတင်ထားတာလည်း တွေ့ရပါတယ်။

 

 

from chan min ye htut’s fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။