သရုပ်ဆောင် ဘုဏ်းသိုက်နဲ့ အဆိုတော် ချမ်းချမ်းတို့ဇနီးမောင်နှံက ၁၄ရက်နေ့ (ချစ်သူများနေ့)မှာ ပြန်လည်အဆင်ပြေသွားကြပြီဖြစ်တယ်လို့ သိရပါတယ်။ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ သူတို့ဇနီးမောင်နှံက (၁၇.၇.၂၀၁၇) မှာ ကွာရှင်းပြတ်စဲခဲ့ကြပြီး (၇)လခန့်အကြာမှာတော့ ပြန်လည်အဆင်ပြေသွားခဲ့ကြပါတယ်။

သူတို့နှစ်ယောက် ပြန်လည်အဆင်ပြေနေကြတဲ့ ဗီဒီယိုဖိုင်တွေကလည်း အွန်လိုင်းပေါ် ပျံနှံ့လို့နေပေမယ့် ချမ်းချမ်းကိုယ်တိုင်တော့ တရားဝင်ပြောကြားထားတာတွေမရှိသေးပါဘူး။ ဒီဗီဒီယိုဖိုင်မှာတော့ ချမ်းချမ်းနဲ့ ဘုဏ်းသိုက်ပြန်အဆင်ပြေသွားပြီးဆိုတဲ့ သက်သေတွေတော့ အများကြီးရှိနေပါတယ်။ ပရိသတ်တွေအားလုံးကတော့ ဘုဏ်းသိုက် ၊ ချမ်းချမ်းနဲ့ သမီးလေး မြမိုးဂဂါင်္တို့ မိသားစုသုံးယောက် ပြန်လည်ပေါင်းစည်းနေဖို့ကို မျှော်လင့်နေခဲ့ကြတာဖြစ်ပါတယ်။

ချစ်သူများနေ့မှာ ပြန်လည်အဆင်ပြေသွားတာအမှန်ဖြစ်ဖို့ ပရိသတ်တွေက ဆုတောင်းနေခဲ့ကြပါတယ်။ ချမ်းချမ်းတို့မိသားစုသုံးယောက်ကို ပျော်ပျော်ရွှင်ရွှင်နဲ့အတူပြန်မြင်ချင်ကြတဲ့ပရိသတ်တွေ အများကြီးရှိလို့နေပါတယ်။ အဆိုတော် ချမ်းချမ်းရဲ့အနုပညာလှုပ်ရှားမှုကတော့ ရှိုးပွဲတွေ ဆက်တိုက်ဆိုနေရခဲ့တာတွေ့ရပါတယ်။

source : facebook