အဆိုတော် ချမ်းချမ်းကတော့ သူမရဲ့ fb အကောင့်အဟက်ခံနေရတယ်လို့ fb ပေါ်မှာ တင်ထားပါတယ်။ တေးရေးဆရာမ မေသော်နဲ့ ချမ်းချမ်းနဲ့ chat box ထဲမှာ စကားပြောနေတာကို တစ်စုံတစ်ယောက်က ၀င်နှောင့်ယှက်ခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ ချမ်းချမ်းက …

“ကျမရဲ့account ကို ဘာကြောင့်hack ရတာလဲ။ အမ ဘာမှလဲမသုးံတတ်ဘူး
သူများဖွင့်ပေးလို့သုံးနေတာပါ
အမဘဝရဲ့ အမှတ်တရပုံတေ မိတ်ဆွေတေရှိလို့ပါ။ မနှောက်ယှက်ကြပါနဲ့။
ကျမတေးရေးမေသော်နဲ့စကားပြောနေတာကို သူက ကျမaccount ကိုသုံးပြီးတပြိုင်တည်းဝင်ပြောနေတာ
ကြည့်ကြပါဦး
ကျမလဲဘာမှမလုပ်တတ်ဘူး…” ဆိုပြီး chat ထားတဲ့စာတွေကို screen shot ရိုက်ပြီး တင်ထားပါတယ်။

နောက်ဆုံး တင်ထားတဲ့ post မှာတော့ ..

“ကျမ password change လိုက်ပါပြီ။ စိတ်ပူပေးတဲ့သူတေအားလုံးကျေးဇူးပါ
လမ်းပြပေးတဲ့မိတ်ဆွေတယောက်ချင်းစီကိုကျေးဇူးပါ…” ဆိုပြီး တင်ထားပါတယ်။

ချမ်းချမ်းနဲ့ ဘုဏ်းသိုက်တို့ရဲ့ အိမ်ထောင်ရေးပြဿနာဟာ လက်တလောလူမှုကွန်ရက်စာမျက်နှာပေါ်မှာ လူပြောများနေပါတယ်။ ချမ်းချမ်းက ကွာရှင်းပြတ်စဲကြောင်း သတင်းစာထဲထည့်ကြေညာရာကနေစပြီး နောက်ဆက်တွဲဂယက်တွေအများကြီး ဖြစ်ပေါ်ခဲ့ပါတယ်။

အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ “သို့…..ချစ်နေတုန်းပဲ” ဆိုတဲ့ တေးစီးရီးကို ဒီဇင်ဘာ (၉) ရက်နေ့ကျရင်
ထွက်ရှိမယ်လို့ သိရပါတယ်။ စီးရီးသစ်မိတ်ဆက်ပွဲကို လှည်းတန်းစင်တာမြေညီထပ်မှာကျင်းပဖို့ရှိတယ်လို့လည်း သိရပါတယ်။

from ချမ်းချမ်းရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။