မင်းသား ဟိန်းဝေယံကတော့ သူ့ရဲ့ fb ပေါ်မှာ ပုံအသစ်လေးတွေ တင်ထားပါတယ်။ ပခုက္ကူ သီဟိုဠ်ရှင် မြတ်စွာဘုရားကြီးရဲ့ ကိုယ်ပွားတော်မြတ် နှစ်(၉၀၀)ပြည့် မြို့တွင်းဒေသစာရီကြွချီ အပူဇော်ခံပွဲက ပုံလေးတွေပါ။

ဒီပွဲမှာတော့ ဟိန်းဝေယံ၊ စိုးပြည့်သဇင်၊ ဦးအောင်ခိုင်နဲ့ဇနီး ဒေါ်ဝါ၀ါအောင်တို့က နန်းဝတ်နန်းစားတွေနဲ့ ပါဝင်ပေးခဲ့တာကို တွေ့ရပါတယ်။ ဟိန်းဝေယံရဲ့ fb မှာတော့…..

“၁၅.၁၁.၂၀၁၇

ပခုက္ကူ သီဟိုဠ်ရှင် မြတ်စွာဘုရားကြီး၏ ကိုယ်ပွားတော်မြတ်

နှစ် ( ၉၀၀ ) ပြည့်… မြို့တွင်း ဒေသစာရီ ကြွချီ အပူဇော်ခံ

ပွဲမှ အမှတ်တရများပါ..” ဆိုပြီး တင်ထားပါတယ်။

ဟိန်းဝေယံ post ရဲ့ Comment တွေမှာလည်း ပရိသတ်တွေက ပုံလေးတွေ ပို့ထားတာကို တွေ့ရပါ တယ်။

from ဟိန်းဝေယံရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။