ပြီးခဲ့တဲ့အမျိုးသားနေ့ (နိုဝင်ဘာလ ၁၃ရက်နေ့)မှာဆိုရင်တော့ ‘အမည်ပေါက်နှင့် ကျူး’ ရုပ်ရှင်ကားကြီးလက်မှတ်ရေးထိုးပွဲကို ရှေ့ဆောင်နဲ့ န၀ဒေး ရုပ်ရှင်ရုံတွေမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီရုပ်ရှင်ကားကြီးမှာတော့ အဓိကသရုပ်ဆောင်တွေအဖြစ် ဦးဇင်ဝိုင်း၊ မြင့်မြတ်၊ အိချောပိုနဲ့ မေကဗျာတို့က တွဲဖက်ပါဝင် သရုပ်ဆောင်ထားတာကို တွေ့ရမှာပါ။

‘အမည်ပေါက်နှင့် ကျူး’ ရုပ်ရှင်ကားကြီးကိုတော့ နိုဝင်ဘာလ (၁၀)ရက်နေ့မှာ စတင်ပြီးရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်အားပြိုင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ကြဖို့လည်း Celenow ပရိသတ်ကြီးကို တိုက်တွန်းလိုက်ရပါတယ်။

Source- Myint Myat facebook

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။