အဆိုတော် ဘန်နီဖြိုးရဲ့ ဓါတ်ပုံတစ်ပုံကတော့ လူမှုကွန်ရက်မှာ အတော်လေး လူပြောများနေပါတယ်။ အဲဒီပုံကြောင့်ပဲ ဘန်နီဖြိုးတစ်ယောက် စနောက် လှောင်ပြောင်ခံနေရပါတယ်။ ပုံလေးကတော့ နန်းမြတ်ဖြိုးသင်းတို့ စုံတွဲရဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲတက်ဖို့ ငွေဆောင်ရောက်နေတုန်းက ပုံလေးပါ။

ပုံလေးကတော့ သူတို့တွေ တည်းခိုနေတဲ့ အခန်းထဲမှာ ရိုက်ထားတဲ့ပုံလေးလို့ ယူဆရပါတယ်။ ပုံထဲမှာတော့ နန်းမြတ်ဖြိုးသင်းနဲ့ ကိုတာတာမျိုးတို့စုံတွဲ၊ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာ၊ လွှမ်းပိုင်နဲ့ Bobby Soxer တို့ ပါဝင်ပါတယ်။ စုံတွဲ (၃) တွဲရဲ့ အလယ်မှာ ဘန်နီဖြိုး တစ်ယောက်တည်း ဘက်ပဲ့နေခဲ့တာပါ။

အပေါင်းအသင်းတွေရဲ့ ၀ိုင်းပြီး စနောက်တာကိုခံနေရတဲ့ အဲဒီပုံကို ဘန်နီဖြိုး က သူ့ရဲ့ fb ပေါ်မှာ ပြန်ရှယ်ထားပြီး …”ကျွန်တော်နဲ့ စုံတွဲများ Part 2  ….” ဆိုပြီး တင်ထားပါ တယ်။

နန်းမြတ်ဖြိုးသင်းတင်ထားတဲ့ပုံရဲ့ အောက်မှာတော့ အပေါင်းအသင်းတွေက ၀ိုင်းပြီး စနောက်ထားကြပါတယ်။

နေခြည်ဦးကလည်း “ Awwwn Bunny yal ” ၊ မအေးသောင်းကလည်း ..” Bunny က ဆရာအကျဆုံးပဲ ? ..”   ဆိုပြီး ၀င်မန့်ထားပါတယ်။ သနားစရာ FA ဆိုပြီး စနောက်ထားတဲ့ Comments တွေကိုလည်း အများကြီး တွေ့ရပါတယ်။

from ဘန်နီဖြိုးနဲ့ နန်းမြတ်ဖြိုးသင်းရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။