သရုပ်ဆောင် ကောင်းပြည့် က ချစ်သူဖြစ်တဲ့ မော်ဒယ်သရုပ်ဆောင် သန္တာဗိုကို မွေးနေ့လက်ဆာင်အဖြစ် စိန်လက်စွပ်လက်ဆောင်ပေးခဲ့ပါတယ်။ ဇန်န၀ါရီလ (၁)ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သန္တာဗို မွေးနေ့ကတော့ သူတို့ချစ်သူနှစ်ဦးရဲ့ ချစ်သူသက်တမ်း (၅)နှစ်နဲ့ (၁၀)လပြည့်တဲ့နေ့လေးလည်းဖြစ်တယ်လို့သိရပါတယ်။

ကောင်းပြည့်က ချစ်သူ သန္တာဗိုရဲ့မွေ့နေ့မှာ သူမရဲ့သူငယ်ချင်းတွေနဲ့ အတူ Birthday Surprise ပြုလုပ်ပေးခဲ့ပြီး မွေးနေ့လက်ဆောင် အဖြစ်လည်း စိန်လက်စွပ်ကို လက်ဆောင်ပေးခဲ့ပါတယ်လို့ သိရပါတယ်။ မော်ဒယ်သရုပ်ဆောင် သန္တာဗိုကလည်း ကောင်းပြည့်ကို ဒီလိုလေးမွေးနေ့မှာ အမှတ်တရဖြစ်အောင်ကြိုးစားပြီး စီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆိုပြီးလည်း ပြောခဲ့ပါတယ်။ သူတို့ချစ်သူနှစ်ဦးဖြတ်သန်းခဲ့တဲ့မွေးနေ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

source : popular

photo : Thandar Bo’s facebook