ပရိသတ်တွေ အမောပြေစေမယ့် နောက်ထပ်ဇာတ်ကားလေးကတော့ ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးနေတဲ့ “ဟောက်စား” ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မြင့်မြတ်၊ ကျော်ကျော်ဘို၊ ခင်လှိုင်၊ အိချောပို၊ တက္ကသိုလ်ဂွမ်းပုံနဲ့ အနုပညာရှင်များစွာတို့ ပါဝင်သရုပ်ဆောင်နေကြပါတယ်။

သူတိုတစ်တွေ ရိုက်ကွင်းပေါ်မှာ ရယ်မောပျော်ရွှင်နေတာကို မြင်ရတဲ့ပရိသတ်တွေကိုပါ အပျော်တွေ ကူးစက်နေခဲ့ပါတယ်။ သူတို့တွေရဲ့ သရုပ်ဆောင် ပီပြင်မှုတွေ၊ ကြိုးပမ်းမှုတွေကြောင့် “ဟောက်စား” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ရိုက်ကွင်းပုံတွေနဲ့တင် ပရိသတ်တွေကို ပျော်ရွှင်နေစေခဲ့ပါတယ်။ ဒီဇာတ်ကားက ဟာသကားကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် ဘ၀အမောတွေ ပြေစေနိုင်မှာသေချာပါတယ်။

source : Ei Chaw Po