မင်းသမီးချောလေး ဘေဘီမောင်ကတော့ မြန်မာဝတ်စုံလေးတွေကြောင့် ပရိသတ်တွေကြားမှာ ပိုပြီးရေပန်းစားနာမည်ကြီးလာတဲ့ မင်းသမီးလေးတွေထဲက တစ်ယောက်ပါ။ မြန်မာဝတ်စုံလေးတွေ အ၀တ်များပေမယ့် လိုအပ်တဲ့ အခါမျိုးမှာလည်း သူ့နေရာနဲ့သူ ၀တ်စားသွားလာတာကို တွေ့ရပါတယ်။

မြန်မာဝတ်စုံလေးတွေနဲ့မှ ပိုချစ်တဲ့ ပရိသတ်တွေကြောင့် ဘိုဆန်ဆန်လေးဝတ်တဲ့အခါတိုင်းမှာလည်း ပရိသတ်တွေကို ဘာကြောင့်ဝတ်တာလဲဆိုတာကို အသိပေးတာမျိုးလည်း တွေ့ရပါတယ်။

သူမရဲ့ တာယာကြော်ငြာ ရိုက်ကွင်းပုံရိပ်လေးတွေကို ဘေဘီမောင်က fb မှာ တင်ထားပါတယ်။ ” တာယာကြေငြာမို့လို့ ဘိုဆန်ဆန်လေးဝတ်ထားတာပါရှင့်..” ဆိုပြီးတော့လည်း ပြောထားပါတယ်။

from ဘေဘီမောင်ရဲ့ fb