အနုပညာလောကနဲ့ ခဏအဆက်ပြတ်သွားတဲ့ မင်းသမီးချော ဘေဘီမောင်ကတော့ အနုပညာအလုပ်တွေ ပြန်လုပ်နေပြီ ဖြစ်ပြီး လတ်လောမှာ ရှပ်ရှင်၊ ဗီဒီယိုတွေ ပြန်ရိုက်ကူးနေခဲ့တာ တွေ့ရပါတယ်။ ဘေဘီမောင်ကတော့ သူမရဲ့ Facebook အကောင့်ကနေ သူမရဲ့ နေ့စဉ်လှုပ်ရှားမှုလေးတွေကို ဓာတ်ပုံလေးတွေ မှတ်တမ်းထားပြီး တင်လေ့ရှိပါတယ်။

ဒီကနေ့မှာကျရောက်တဲ့ သူမရဲ့မွေးနေ့မှာ surprise တစ်ခု လုပ်ခံခဲ့ရတယ်လို့ သိရပါတယ်။ သူမကို ညဘက်ကြီး surprise ထလုပ်တဲ့သူကတော့ သူမရဲ့ညီမဖြစ်သူ သရုပ်ဆောင် ဟေမာန်ဇော်ဇော်ပဲဖြစ်ပါတယ်။ ဘေဘီမောင်ကတော့ မိသားစုထဲမှာ အကြီးဖြစ်ပြီး အနစ်နာခံတတ်တဲ့သူတစ်ယောက် ဖြစ်တယ်လို့လည်းသိရပါတယ်။

ဘေဘီမောင်ကလည်း ညီမဖြစ်သူရဲ့ surprise ကြောင့် မျက်ရည်ကျလောက်တဲ့အထိ အရမ်းပျော်နေခဲ့တာတွေ့ရပါတယ်။ ဘေဘီမောင်အတွက် ညီမဖြစ်သူရဲ့မွေးနေ့ဆုတောင်းစာလေးကတော့ “Happy birthday my elder sister 
 Baby Maung မောင်နှမထဲမှာ အကြီးဆုံး အရိုက်အခံရဆုံး ..ငယ်ငယ်လေးထဲက မိသားစုကို အနစ်နာအခံရဆုံး အပြောဆိုးတာလေးကလွဲရင် စိတ်သဘောထားကောင်း လူတိုင်းအပေါ်အနစ်နာခံတဲ့ သမီးမကြီး မွေးနေ့မှစ နောက်နှစ်ပေါင်းများစွာ ကျန်းမာပျော်ရွှင်ပါစေနော် လုပ်ကိုင်သမျှစီးပွားရေးတွေလည်း တိုးတက်အောင်မြင်ပါစေ အမြဲ အလှူနဲ့လက်နဲ့မကွာ လှူနိုင် ဒါန်းနိုင်ပြီး ဘုရားအမ ကျောင်းအမကြီးဖြစ်ပါစေ” ပဲလို့ ဆိုခဲ့ပါတယ်။ သူမတို့ ညီအစ်မနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။

Happy birthday to you 🎊 Baby Maungနာနာကို surprise သွားလုပ်တာ ငိုလိုက်တာ နှာချေးတွေ တစ်ပိသာလောက်ထွက်ရော😂😂😂

Posted by Hay Man Zaw Zaw on Wednesday, February 21, 2018

source : BabyMaung