မင်းသမီးချော အေးဝတ်ရည်သောင်းဟာ အနုပညာလောကထဲကို တစ်ဖန်ပြန်ရောက်လာခဲ့သလို ပရိသတ်တွေကြားမှာလည်း “မအေးသောင်း” ဆိုပြီး နာမည်ကြီးရေပန်းစားလို့နေပါတယ်။ မအေးသောင်းရဲ့ ရိုးရှင်းတဲ့အလှကိုတော့ ပရိသတ်တွေက မကြွေဘဲမနေနိုင်ပါဘူး။

မအေးသောင်းက သူမရဲ့အချစ်ရေးကို တရားဝင်ပြောတာ မရှိသေးပေမယ့် သူမ,တင်ခဲ့တဲ့ စာသားတွေက တစ်ယောက်ယောက်ကို ရည်ညွန်းနေခဲ့တာဖြစ်လို့ ပရိသတ်တွေက မအေးသောင်းမှာ ချစ်သူရှိနှင့်ပြီး ဆိုတာကို ရိပ်မိနေခဲ့ကြပါတယ်။ အခုတော့ မနေ့ကကျရောက်ခဲ့တဲ့ ချစ်သူများနေ့မှာ မအေးသောင်းနဲ့ သူမ၏ ချစ်သူတို့ valentine’s Day ပုံရိပ်များ ဆိုပြီး လူမှုကွန်ရက်မှာ ပျံနှံ့လို့နေခဲ့ပါတယ်။

ပျံနှံ့နေတဲ့ မအေးသောင်းနဲ့ သူမရဲ့ချစ်သူပုံရိပ်တွေကြောင့် ပရိသတ်တွေကြား ဂယက်ရိုက်နေခဲ့ပြီး မေးခွန်းတွေထုတ်နေခဲ့ကြပါတယ်။ ဒီပုံနဲ့ပတ်သက်ပြီး မအေးသောင်းက “ချစ်သူက ပြည့်ပြည့်လေး မပိန်ဘူး” လို့ဆိုလာခဲ့ပါတယ်။ ဒီပုံထဲကကောင်လေးနဲ့ မအေးသောင်းတို့ရဲ့ဆက်ဆံရေးဟာ ပရိသတ်ဆက်ဆံရေးပဲဖြစ်တယ်လို့ တစ်နည်းအားဖြင့်ပြောလိုက်တာပဲဖြစ်ပါတယ်။ မအေးသောင်းကတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေ ၊ ဓာတ်ပုံတွေ ရိုက်ကူးနေတာပဲဖြစ်ပါတယ်။

source : Aye Thaung