အနုပညာလောကထဲကို တစ်ဖန်ပြန်ရောက်လာခဲ့တဲ့ အေးဝတ်ရည်သောင်းကိုတော့ သူမရဲ့ ချစ်ပရိသတ်တွေက “မအေးသောင်း” လို့ခေါ်ကြပါတယ်။ မအေးသောင်းက သူမရဲ့တစ်နေ့တာ လှုပ်ရှားမှုလေးတွေကို ဓာတ်ပုံလေးတွေနဲ့ တွဲတင်လေ့ရှိသူပဲ ဖြစ်ပါတယ်။ မအေးသောင်းက သူမရဲ့ ရိုးရှင်းတဲ့ အလှကြောင့် ပရိသတ်တွေရဲ့ အသည်းကျော်ဖြစ်နေသူပါ။

အမြဲတမ်း ရိုးရှင်းတဲ့အလှနဲ့လှနေတဲ့ မအေးသောင်းကတော့ သူမရဲ့ အလှပုံရိပ်နဲ့အတူ တစ်စုံတစ်ရာကို လွမ်းမိနေတယ်ဆိုတဲ့အကြောင်း ရေးပြီး တင်ထားပါသေးတယ်။ “အလွမ်းဓာတ်ခံ ရှိလို့လားမသိဘူး … ပျော်ရွှင်လွတ်လပ်စေတဲ့ အဝါရောင်ဝတ်တာတောင် … ဖျော့တော့တော့လေး လွမ်းမိတယ်” လို့ရေးထားတာပဲဖြစ်ပါတယ်။ ဒီစာလေးကိုကြည့်ရင်တော့ မအေးသောင်း တစ်စုံတစ်ယောက်ကို လွမ်းနေတယ်လို့ ယူဆရပါတယ်။

မအေးသောင်းရဲ့ အနုပညာလှုပ်ရှားမှုကတော့ ကြော်ငြာတွေ ဆက်တိုက်ရိုက်နေတယ်လို့သိရပါတယ်။ အခုမှာတော့ သူမက အ၀ါရောင်ဖက်ရှင်လေးနဲ့ လှနေပြန်ပါတယ်။

source : Aye Thaung