ပရိသတ်တွေရဲ့ အသဲတစ်ခြမ်း မင်းသမီးချော အေးဝတ်ရည်သောင်းကိုတော့ သူမရဲ့ချစ်ပရိသတ်တွေက “မအေးသောင်း” ဆိုပြီး ချစ်စနိုးခေါ်ကြတာပဲဖြစ်ပါတယ်။ မအေးသောင်းကတော့ လတ်တလော အတွင်းဝန်ရုံး / ဝန်ကြီးများရုံး မှာလုပ်တဲ့
Burmese Photographers ပွဲလေးကို ရောက်ရှိခဲ့တဲ့အကြောင်း သူမရဲ့ လူမှုကွန်ရက်ပေါ်မှာ မျှဝေပေးထားတာတွေ့ရပါတယ်။

သူမက Burmese Photographers ပွဲမှာ ဗဟုသုတ ရစရာတွေအများကြီးရှိတာမို့ သွားကြည့်သင့်တယ်ဆိုတာ ပြောထားပြီး ၀င်ကြေးကတော့အခမဲ့ပါလို့လည်း ညွန်းထားပါသေးတယ်။ ဒီအကြောင်းလေးနဲ့ပတ်သက်ပြီး သူမက “ဒီနေ့ရောက်ခဲ့တဲ့ အတွင်းဝန်ရုံး / ဝန်ကြီးများရုံး မှာလုပ်တဲ့ Burmese Photographers ပွဲလေး။ တကယ်ဗဟုသုတ ရစရာတွေအများကြီးရှိတာမို့ သွားကြည့်သင့်ပါတယ်ရှင့်။ဝင်ကြေးအခမဲ့ ပါ။” လို့ဆိုခဲ့ပါတယ်။

မအေးသောင်းရဲ့ အနုပညာလှုပ်ရှားမှုတွေကတော့ လောလောဆယ်မှာ ကြော်ငြာ၊ ဓာတ်ပုံတွေကိုပဲ ရိုက်ကူးနေဖြစ်ပါတယ်။ အနုပညာလောကထဲကို မအေးသောင်း နာမည်နဲ့တစ်ဖန်ပြန်ဝင်ရောက်လာတဲ့ သူမကို ပရိသတ်တွေကလည်း အခုချိန်ထိ အားပေးနေကြတာ တွေ့ရပါတယ်။

source : Aye Thaung