ပါးချိုင့်မင်းသမီးလေး အေးမြတ်သူရဲ့ ဖက်ရှင်တွေကတော့ လန်းပြီးရင်း လန်းနေပါတယ်။မြန်မာဝတ်စုံလေးတွေပဲ ၀တ် ၀တ်၊ခေတ်မီတဲ့ဖက်ရှင်ဒီဇိုင်းဆန်းတွေပဲ ၀တ်ဝတ် အမြဲလိုက်ဖက်နေတဲ့ အေးမြတ်သူတစ်ယောက် စန္ဒီမြင့်လွင်ရဲ့ မင်္ဂလာ ညစာစားပွဲသို့ ဖက်ရှင်အလန်းလေးနဲ့ တက်ရောက်လာခဲ့ပါတယ်။အေးမြတ်သူက သူမရဲ့ FB ပေါ်မှာ ပုံလေး တွေကို…..

“ဒီနေ့ ချစ်လေးဒီးဒီ ပျော်ရွှင်စရာအရမ်းကောင်းတဲ့ မင်္ဂလာညစာ စားပွဲလေး တက်ခဲ့တဲ့ အလှ ပုံလေးတွေပါရှင်….
အရမ်းလှတဲ့ဝတ်စုံလေးအတွက် အိုင်ဒီယာလေးပေးခဲ့တဲ့ မကြီးစိုး စိုးမြတ်သူဇာ
အိုင်ဒီယာလေး ကို အမြန်ဆုံး နဲ့ အလှဆုံးအကောင်အထည်ဖော်ပေးတဲ့ ကိုကြီးကိုလတ် Mglatt Dsn လိုက်ဖတ်တဲ့မိတ်ကပ်နဲ့ ဆံပင်ပုံလေးလုပ်ပေးတဲ့ မမမြသုတ နဲ့ သင်း …..ပုံလှလှလေးတွေရိုက်ပေးတဲ့ ကိုကြီးနေမင်းထွန်း
အားလုံး အားလုံး ကျေးဇူးတင်ပါတယ်ရှင့်…

မိတ်ဆွေကောင်းတွေရှိတဲ့ ပတ်ဝန်းကျင်မှာရှင်သန်ခွင့်ရနေခြင်းကြောင့် မမြတ်လေး က
အလှဆုံးအပြုံးတွေ နဲ့ ပျော်ရွှင်နေရတာပါရှင်….
မနက်ဖြန်မှ ဒင်နာ မှာ ကဲခဲ့တဲ့ ပုံလေးတွေ စုဆောင်းပြီး ထပ်တင်ရင်း….အပျော်တွေကို မျှဝေပါရစေရှင်…..” ဆိုပြီး တင်ထားပါတယ်။

from အေးမြတ်သူရဲ့ fb